Welcome to My Website

ဘာရယ် လိုတော့ မဟုတ် ပါဘူး.. စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်လိုက်တာပဲ.. ကိုယ်သိ တာကို စုထားတဲ့ စုဘူးလေးလို့ ပြောရင်လည်း ရပါတယ်.. ကိုယ်ဘယ် လောက်ထိ သိလဲဆိုတာ ကိုယ်စုဘူး လေးကို ပြန်ကြည့်ဖို့ အပျော်ရေး ထားတာပါ..

Labels

Labels

Labels

You tube Video Download

ရေးသားသူ GOOD NOTES 0 comments

ခေါင်းစဉ်ကတော့ youtube video download လို့ပေးလိုက်တာ။ ပြောချင်တာကတော့ ခက်များများပဲ။ ကျွန်တော်အသိတွေ၊ သူငယ်ချင်းတွေ တော်တော်များများမေးတယ်။ Base Lesson တွေ Drum Lesson တွေ youtube ကနေ ဘယ်လို ဗီဒီယို ဒေါင်းလော့ ချမတုန်းတဲ့.. Youtube ကနေ Video ဒေါင်းလုဒ်ချတာ လွယ်လွယ်လေးရယ်နော်.. ဟဲဟဲ.. အဲ့ဒါကို မသိတဲ့သူက မသိကြဘူးတဲ့ အံ့ရော အံ့ရော..

1. ကိုယ်ဒေါင်းလုဒ်ချချင်တဲ့ ဗီဒီယိုရဲ့ URL လိပ်စာကို ယူပါ။

2. www.youtubecatcher.com ကိုသွားပါ။ Enter the URL of the page that contains the video to download: ဆိုတဲ့စာရဲ့အောက်မှာ ခုနက ယူထားတဲ့ URL ကုဒ်ကို ထည့်ပါ။

3. ပြီးရင် Download Video ကို နှိပ်ပါ။

4. ပြီးရင် Right-Click Here to Download Your Video (FLV format) ကိုနှိပ်ပြီး Download လုပ်နိုင်ပါပြီး။


Video FLV format ဖြစ်တဲ့အတွက်ကြောင့် FLV Player နဲ့ကြည့်မှ အဆင်ပြေနိုင်မည်။ FLV player နဲ့ FLV to VCD တို့ကို လက်ဆက်ဖော်ပြပါမည်။

Add Gtalk To Blog

ရေးသားသူ GOOD NOTES 0 comments

ကျွန်တော် ကတော့ Blog တွေလည်း ရေး. ကြားထဲ Gtalk လေးကလည်း ပြောလိုက် သေးတယ်. နောက်ပြီး အချိန်ရ ရင်လည်း Search Engine ပေါ်မှာ Blogging Accessories တက်မွေနေ သေးတာဗျ.. ဒါနဲ့ Add Gtalk To Blog ဆိုတာလေး တစ်ခု သွားတွေ့တယ်.. ကောင်းလား.. မကောင်းလား ဆိုတာကို တော့ အရင်စမ်း ရသေးတယ် ဗျ.. တစ်ချိန်လုံး ကိုယ့် Blog တွေကို ကိုယ်ပြန်ဖတ် မိတယ်.. အဲ့ဒီအချိန် သူငယ်ချင်း တွေ တက်လာရင် Gtalk ပြေးလိုက် ကိုယ့် Blog ဆီ ကိုယ် ပြန်လာ လိုက်နဲ့ အလုပ်ရှုပ်နေတာ.. အခု တော့ အဆင်ပြေ သွားပါ ပြီး.. Add Gtalk To Blog ကို ကျွန်တော် လက်ဆင့် ထပ်ကမ်း လိုက်ပါတယ်..
ကဲစမယ်....
1. Login to blogger with your ID.

2. After entering the dashboard page , click Layout. Please saw the picture : layout
3. Click at Page Element tab. See the picture below :
4. Click at Add a Page element.
5. After emerging pop up window , Click add to blog button for the things HTML/JavaScript.
6. Download Here code , then copy and paste.
7. Click Save Change.

FLASH TAG CLOUD

ရေးသားသူ GOOD NOTES 0 comments

ကျွန်တော်အရမ်းကြိုက်လို့ ကိုဇော်ဖြိုးဝေ ဆီက အကူအညီ တောင်းထားတဲ့ Flash Tag Cloud ပါ။ သူငယ်ချင်း တို့လည်း ကြိုက်ကြမယ် ထင်ပါတယ်။



an Flash based tag cloud widget which uses scripts converted from Roy Tanck's WP Cumulus plugin for Wordpress. I fell in love with Roy's original Cumulus plugin when I saw it, and simply had to learn how to convert this for use in Blogger powered blogs. The result is the widget you can see in action at the top of this post. Hover your mouse over the Flash object to see the animation begin. In this post, I'll explain how you can add Blogumus to your own Blogger layout with ease!
Update: Improved Widget Code
I have updated the code required to run this widget to activate links in the tag cloud Flash movie. If you have already installed Blogumus, please replace your widget code with the new updated code, or reference the additional lines to modify your existing installation.
How it worksThis widget uses a combination of JavaScript and Flash animation to parse and display your blog labels. Once installed in your template, it should work "out of the box" without any additional tweaking required, though of course you may prefer to change the variables for color, background and size if appropriate :) You should also be able to move the Label Cloud widget through the Page Elements page of your dashboard if you prefer display in a different layout location. To see Blogumus in action, both Flash and Javascript must be installed and enabled for your internet browser. However, it does degrade relatively gracefully, and label links will still be clickable (though not animated) for those who do not use JavaScript of Flash (including search engine spiders).

How to install Blogumus in your Blogger layout
Installing Blogumus in your Blogger layout is surprisingly simple! You should only need to copy and paste a section of code to your Blogger template, though any tweaks for the style of display will require some manual editing. Here are the steps required to install Blogumus in your Blogger layout: Go to Layout>Edit HTML in your Blogger dashboard, and search for the following line (or similar):

Immediatly after this line, paste the following section of code:



Then preview your template. If installed correctly, you should see the tag cloud appear in your sidebar. Then you are free to save your template, edit the colors and dimensions as required, or move it to a different location. That's all!

ကဲ Code တွေ ကတော့.. ကိုယ့်ရဲ့ Layout အပေါ်မူတည်ပြီး.. ပြောင်းပြီးသုံးပေါ့ဗျာ.. နော်.

How to Change Facebook Layout or Facebook Template – To change Facebook layouts actually is easy and can be done with just a few steps. To change the layout of Facebook, users should allow Yantoo Layers application as layout sources for your Facebooktemplate.

Ok here’s the steps to change the display Facebook Layout:

1. Log In / Login to your Facebook account
2. Install Plugins Add-on Yontoo Layers in www.yontoo.com/install.aspx, the select Firefox (windows or Mac)
3. Select “accept & continue” in the new Terms of Service
4. Install Yontoo Layers for firefox, after “Ready” is checked, click “Start Install”
5. Click “Allow” in the upper-right corner
6. Click “Install now”, and then “restart Firefox”
7. The following steps, please Login to your Facebook Account,
8. Then click on the link http://apps.facebook.com/pagerage/
9. Then please click “Allow”.
10. Now you can choose Facebook Layout that you want, click to select the layout on the link “select” in the image layout.

That’s how to change display Facebook layouts, and later We will show how to change Facebook Background and share list Web sites of Facebook Layouts sources.


Send to လုပ်ကြရအောင်...

ရေးသားသူ GOOD NOTES 0 comments

ဥပမာဗျာ..
ကိုယ့်ရဲ့ကိုယ်ရေး Folder တစ်ခု ဖွင့်ထားတယ်ဆိုပါစို့။ ကိုယ့်ကိုယ်ရေး Folder ထဲ ကိုယ်ရဲ့data တွေကို ထည့်တော့မယ်ဆိုရင် my computer>C:\> ဘာညာ ဘာညာ ဖွင့်နေရရင် ကြာပါတယ်ဗျာ.. အမြန်နည်းကို သုံးကြရအောင်..
1. Start>Run တွင် sendto လို့ရိုက်ထည့်ပါ။ Send to Folder တစ်ခု ကျလာပါလိမ့်မယ်။
2. အဲ့ဒီ Folder ထဲမှာ ကိုယ်ရဲ့ ကိုယ်ရေး Folder ကို ထည့်လိုက်ပါ။ ကဲဒါဆိုရင် ကျွန်တော်တို့ရဲ့ Folder ဟာ Send to ဆီရောက်သွားပါပြီး..
ဘယ်လိုသုံးမလဲ...
1. ကိုယ်ရဲ့ files တွေကို select ပေးပါ။ ပြီးရင် right click>send to> ကနေ ကိုယ့်ရဲ့ Folder ကို ညွှန်းပေး လိုက်ချင်းဖြင့် အချိန်ကုန်သက်သာပါတယ်ဗျာ။

ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်

Ubifind English - Myanmar Dictonary

ရေးသားသူ GOOD NOTES 0 comments

Mobile ဖုန်းများအတွက် Ubifind English - Myanmar Dictonary ဟုခေါ်သည့် Software ကို ဈေးကွက် မိတ်ဆက်သည့် အခမ်းအနား တစ်ရပ်ကို (26.7.2008)ရက်၊ နေ့လယ် (၃)နာရီက ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ဝင်း အတွင်းရှိ Myanmar Info-Tech မှာ SIDA Technology ကုမ္ပဏီလီမိတက်မှ ဦးစီးကျင်းပ ခဲ့ပါသည်။ Software အသစ်ကို Sida က ကိုယ်ပိုင်တီထွင် ထုတ်လုပ်ထား ခြင်းလည်း ဖြစ်ပါသည်။
Mobile ဖုန်းဆောင်ထား သူတိုင်းဟာ အဘိဓါန်တစ်အုပ်ကို အလေးခံ၊ နေရာ အပုတ်ခံပြီး ယူဆောင်သွား ရန်မလိုဘဲ မိမိသိလိုတဲ့ အင်္ဂလိပ် စာလုံးကို Mobile ဖုန်းအသုံးပြုပြီး အဓိပ္ပာယ်ကို အမြန်ဆုံး သိရှိနိုင်တဲ့ အတွက် လွယ်ကူ သက်သာပြီး များစွာ အထောက်အကူ ပြုတဲ့အဘိဓာန် ဖြစ်ပါတယ်။ Ubifind မှာ မြန်မာနိုင်ငံမှာ လူသုံးများနေသော Modern English-Myanmar အဘိဓာန်များကို အခြေခံပြီး စာလုံးရေ (၅)သောင်းကျော် ပါဝင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် Mobile ဖုန်းသုံးစွဲနေတဲ့ ပြည်တွင်းပြည်ပရှိ မြန်မာများ လုပ်ငန်းခွင် များမှာ အလုပ်လုပ် ကိုင်နေသူများ၊ ကျောင်းသားကျောင်းသူများအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ထု လုပ်ခြင်းဖြစ် တယ်လို့ သိရပါသည်။ Ubifind Dictionary ကို ၀ယ်ယူလိုပါက အဆင်ပြေစေရန်အတွက် နည်းလမ်းနှစ်မျိုးနဲ့ ရောင်းချပေးမှာဖြစ်ပြီး ကျွန်ပျူတာ ကျွမ်းကျင်ပြီး မိမိကိုယ်တိုင် Install ပြုလုပ်လိုပါက အင်တာနက်ရှိ http://www.sitatechasia/ မှ demovision ကို Download ပြုလုပ်ကာ မိမိ Phone ပေါ်သို့ ထည့်သွင်းကာ စမ်းသပ်အသုံး ပြုနိုင်ပါသည်။ စမ်းသပ်ရာမှာ ကြိုက်နှစ်သက်ပြီး ၀ယ်ယူလိုပါက ရန်ကုန်မြို့ရှိ စိန်ဂေဟာ စူပါမားကတ်များ အားလုံး အပါအ၀င် အခြား Cash Drop Off Center များမှာ ငွေသွင်းကာ Activation Code ကိုရယူနိုင်ပါတယ်။ ဆိုင်မှာ ထည့်သွင်း လိုသူများ အတွက် ရန်ကုန်ရှိ ဖုန်းအရောင်း ဆိုင်ကြီးများနဲ့ မန္တလေးရှိ ဖုန်းအရောင်း ဆိုင်များမှာ လွယ်လွယ်ကူကူဝယ်ယူထည့် သွင်းနိုင်ပြီး အဲ့ဒီဆိုင်များမှာ ရောင်းချပေးကာ လိုအပ်တာ များကို ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါသည်။
Cash Drop Off Center နဲ့ရောင်းချပေးမယ့် Mobile ဖုန်းအရောင်း ဆိုင်များ စာရင်းကို http://www.sitateach.asia/ မှာ ကြည့်ရှုနိုင်ပြီး စာရေးလုံး(၅၀၀၀၀) ကျော်ပါရှိတဲ့ Ubifind (Proversion) ကို မြန်မာငွေ(19000)ကျပ်နဲ့ ၀ယ်ယူနိုင်ပြီး စာလုံးရေ (25000)ကျော် ပါဝင်တဲ့ (Live Version)ကို မြန်မာငွေ (9500)ကျပ်နဲ့ ၀ယ်ယူအသုံး ပြုနိုင်ပြီး ဖြစ်ကြောင်း သိရှိရ ပါသည်။

PHONE APPLICATION

ရေးသားသူ GOOD NOTES 0 comments

အလွန်အသုံးဝင်တဲ့ Mobile Phone Java Application အကြောင်း နည်းနည်း ပြောချင်လို့ပါ။ အခု ကျွန်တော် Sony Ericcson W810i ကို အသုံးပြုပါတယ်။ Sony Ericcson ဆိုတာ ကျွန်တော်အရမ်းကြိုက်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် Sony Ericcson W810i က Model နည်းနည်းနိမ့်လို့ Nokia N70 တို့လိုတော့ ဘယ်သုံးလို့ရမလဲ။ Mobile Java software မှာ အရမ်းကြိုက်တာကတော့ Google map ပေါ့ဗျာ။ Java Application ပါတဲ့ ဖုန်းတိုင်း အသုံးပြုလို့ ရပါတယ်။ Google map ကိုတော့ Mobile phone internet ကနေ http://www.mobilelife.com/ မှာ Free Download လုပ်နိုင်ပါတယ်။ အရင်တုန်းကတော့ Mobile Phone တွေကို ဖုန်းပြောဖို့လောက်ပဲ တွက်ထားခဲ့တာပါ။ အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ အခုဆိုရင် Multimedia တော်တော် များများကို Mobile Phone တစ်လုံးတည်းနဲ့ အရမ်းအဆင်ပြေနေပြီးပေါ့ဗျာ။ ဥပမာပြောရရင်- Gmail ဖတ်တာတို့၊ Gtalk ပြောတာတို့ မြန်မာအဘိဓာန် ကြည့်တာတို့ကို ကိုယ်ပိုင် Mobile ဖုန်းတွေနဲ့ ကြည့်လို့ရတာတွေ ဟာ အရမ်းကို အသုံးဝင်ပါတယ်။ အခုဆို မြန်မာနိုင်ငံက ပညာရှင်များကလည်း MYSM တို့ UBifind တို့လို java software တွေကို ရေးနေကြတာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေပါပြီး။ ကျွန်တော်ကတော့ java game တို့ software တို့ကို Internet ပေါ်ကယူပြီး တင်လိုက်၊ ဖြတ်လိုက် လုပ်တာ တော်တော် အချိန်ကုန်သွားပြီး။ အသုံးဝင်တဲ့ ကြိုက်တဲ့ software တွေ တော်တော်များများ ရှိတယ်။ အခုဆိုရင် Nokia ဖုန်းတော်တော်များများမှာလည်း sis တွေလည်း အသုံးပြုနေပါပြီး။ နောက်ပိုင်း Mobile Phone တွေဟာ ကွန်ပျူတာ တစ်လုံးကဲ့သို့ အလုပ်လုပ်နိုင်ခြင်းကို တွေ့ရတာ တကယ်ပီတိ ဖြစ်မိတယ်ဗျာ။

MOBILE GTALK

ရေးသားသူ GOOD NOTES 0 comments


ဒီ jar software ဟာ mobile phone တွေမှာ အလွယ်တကူ gmail ဖတ်နိုင်အောင် ပြုလုပ်ထား ပေးတာ ဖြစ်ပါတယ်။ phone တစ်လုံးမှာ တစ်ခါပဲ Sign In ပြုလုပ်၍ ရခြင်းကြောင့် မိမိကိုယ်ပိုင် phone မှာသာ မိမိ ID name နဲ့ password ထားပါ။ တစ်ခါလုပ်ပြီး နောင်တစ်ကြိမ် ပြန်ဖွင့်လျှင် အရင်က မိမိလုပ်ခဲ့သော username ပင် သုံးနိုင်သည်။ Sign out လုပ်၍မရပါ။ သို့အတွက်ကြောင့် မိမိ mail အတွက် လုံခြုံမှုတော့မရသေးပါ။ အခြားသူတစ်ဦး မိမိဖုန်းမှ GMAIL ကို ဖွင့်ကြည့်လျှင်လည်း မိမိ၏ ကိုယ်ပိုင် gmail account သာပွင့်သည့် အတွက်ကြောင့် အခြားသူများကို ပေးကိုင်ခြင်း မပြုနိုင်ပါ။
Download: http://www.lasyk.net/download/76026/14/-196836160/Gmail76026.jar

ကိုယ့်သူငယ်ချင်း Gtalk Account Shortcut တစ်ခု ကျွန်တော်တို့ရဲ့ Desktop မှာ ဖန်တီးကြရအောင်။ လွယ်ပါတယ်။

1. Desktop မှာ Right Click>New>Shortcut ကိုသွားပါ။
2. Type the location of the items: အကွက်မှာ gtalk:chat?jid=surrenderleader@gmail.com ကိုရိုက် ထည့်ပါ။ ဒါဆိုရင် surrenderleader@gmail.com အတွက် Shortcut လုပ်တာပါ။
3. ကဲ ပြီးရင် Next ကို ကိုနှိပ်ပါ။ Type the name for this Shortcut : မှာ Shortcut Name ကို Surrenderleader ပေးပါမယ်။ပြီးရင် finish ပါ။
ကဲဒါဆိုရင် Surrenderleader@gmail.com အတွက် Shortcut တစ်ခုပြီးပါပြီး။


ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Safe Mode ဘာကြောင့် လုပ်ရလဲဆိုတာကို အကျဉ်းမျဉ်းပြောကြမယ်။ (ကျွန်တော်တို့သုံးနေတဲ့ ကွန်ပျူတာက စက်အရမ်းလေးသွားတယ်။ ဒါမှမဟုတ် busy ဖြစ်တာ အရမ်းကြာနေ့လို့ အလုပ်လုံးဝလုပ်လို့မရဘူးဖြစ်နေတယ်။ နောက်ပြီး စက်က ဟန်း နေတယ်ဆိုရင်။ ကျွန်တော်တို့ Safe Mode ကနေ System Restore လုပ်ကြည့်ကြမယ်။) ကဲစရအောင်
1. စက်ကို reboot (restart key နှိပ်မယ်) လုပ်မယ်။
2. Boot ပြန်လာတတ်လာချိန်တွင် F8 ကိုနှိပ်ပါ။ Safe Mode Function Page တွေ့ရမည်။
3. Safe Mode ကိုရွေးပါ။ Window logo ပုံပေါ်လာပြီး Administrator ဆိုတဲ့ အကောင့်တစ်ခု တွေ့ရမည်။ Click လုပ်ပါ။
4. ဒါဆိုရင် window ထဲ ၀င်သွားပါပြီး။ ဒီအချိန်မှာတော့ System Restore လုပ်ရလိမ့်မည်။ (System Restore လုပ်ခြင်းကို အောက်တွင် ဖော်ပြထားခဲ့ပြီး ဖြစ်ပါသည်။)
5. Restart ဖြစ်ပြီး သူငယ်ချင်းတို့ရဲ့ စက် ပြန်ကောင်းနေမှာကို တွေ့ရပါလိမ့်မည်။

မှတ်ချက်။ Safe Mode ကို window system files တွေကြောင့် window မတက်နိုင်တော့ရင် safe mode ကနေ ပြင်တဲ့နည်းကို သုံးကြပါတယ်။ တစ်ခု သိထားရမှာက window လုံးလုံး ကျသွားရင်တော့ ဒီနည်းကို သုံးလို့မရဘူးနော်။ window အလွယ်တင်နည်းကို နောက်မှ ဖော်ပြပါမည် ဟဲဟဲ။

ဒါနည်းကလည်း သူငယ်ချင်းတို့အတွက် အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အရမ်းလွယ်ပါတယ်။ ထူးဆန်းတဲ့အရာလည်း မဟုတ်ပါဘူး။ အခြေခံသမားတွေအတွက်ပါ။ အနည်းဆုံးတော့ Format တွေကို သိဖို့တော့ လိုမယ်ထင်တယ် ဟဲဟဲ။ ဥပမာ… အသံ Format တွေက mp3, mp2, wav.. etc, ဓါတ်ပုံ Format တွေက jpg, gif, bmp... etc, ဗီဒီယို Format တွေမှာတော့ avi, 3gp, mp4 .. etc ပေါ့ဗျာ။ ဒါလေးနားလည်ရင်ရပြီး။ ကဲကိုယ်သူငယ်ချင်းရဲ့ကွန်ပျူတာထဲမှာ ဘာ mp3 သီချင်းများရှိလဲဆိုတာ ရှာကြမယ်။
1. Start>Search ကိုသွားမယ်။ 2. ပြီးတော့ All file and Folder ကို နှိပ်မယ်။ 3. ကဲကောင်းပြီး။ All or part of file name မှာ ကိုယ်ရှာချင်တဲ့ format အမျိုးအစားကို ရိုက်ထည့်မယ်။ အခု mp3 သီချင်းတွေ ရှာမှာဆိုတော့ *.mp3 လို့ရိုက်ထည့်မယ်။ ပြီးရင် Search ကိုနှိပ်မယ်။ 4. ကဲ mp3 သီချင်းတွေ ထွက်လာတွေ တွေ့ရမယ်။ ဟုတ်ပြီးလား။ ဒီလိုပဲ ကိုယ်ရှာချင်တဲ့ format အမျိုးအစားရဲ့ရှေ့မှာ ( *. )လေးကို ခံရိုက်ရင်ရပါပြီး။ ဥပမာ- mp4 ဆိုရင် *.mp4, jpg ဆိုရင် *.jpg ကို ရိုက်ထည့်ပြီး ရှာလို့ရပါတယ်။

ကဲသူငယ်ချင်းတို့လည်း ရှာတတ်မယ်ထင်ပါတယ်။ မခက်ဘူးနော်။ လွယ်လွယ်လေးဟဲဟဲ..

ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကဲ.. ကျွန်တော်တို့ရဲကစားနည်းကို စလိုက်ကြရအောင်။ ကျွန်တော်တို့ ကိုယ်တိုင်ပုန်းရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပုန်းခိုင်းချင်တဲ့ file လေးတွေကိုဖွက်ကြမှာပါ။ ဥပမာ… ကိုယ့်ကွန်ပျူတာထဲက ကိုယ့်ဓါတ်ပုံလေးတွေကို သူများတွေ လာဖွင့်ကြည့်ရင် မမြင်အောင် ဖွက်ကြမယ်။
1. ပထမဦးဆုံး ကိုယ်ဖွက်ချင်တဲ့ ဓါတ်ပုံ (.jpg) ဖိုင်ကို Right Click>Properties ကိုသွားပါ။
2. Attributes မှာ Read-only နဲ့ Hidden ကိုတွေ့လိမ့်မယ်။ Hidden ကို အမှတ်ပေးလိုက်ပါ။ OK နဲ့ထွက်ပါ။ ဒါဆိုရင် Photo လေးဟာ အရောင်မှိန်သွားပါလိမ့်မယ်။
3. ပြီးလျှင် Menu Bar မှ Tools>Folder Options ကိုသွားပါ။ View Tag ကိုရွေးပါ။
4. Hidden Files and Folder မှာ do not show hidden files and folders ကို အမှတ်ပေးပါ။
ဒါဆိုရင် ကိုယ့်ရဲ့ photo လေးဟာ မြင်ကွင်းရနေ ပျောက်သွားပါလိမ့်မယ်။ ကဲ ဒီနည်းကိုသုံးပြီး တူးတူးပုန်းတမ်း ကစားကြမယ်။

ကိုယ်ပြန်ကြည့်ချင်ရင်.
1. Menu Bar မှ Tools>Folder Options ကိုသွားပါ။ View Tag ကိုရွေးပါ။
2. Hidden Files and Folder မှာ show hidden files and folders ကို အမှတ်ပြန်ပေးပါ။
3. ဓါတ်ပုံ (.jpg) ဖိုင်ကို Right Click>Properties ကိုသွားပါ။
4. Attributes မှာ Read-only နဲ့ Hidden ကိုတွေ့လိမ့်မယ်။ Hidden ကို အမှတ်ကို ဖြုတ်လိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့ photo လေးကို ပြန်မြင်ရမှာ ဖြစ်ပါတယ်။ သဘောကျကြလိမ့်မယ်လို့ ထင်ပါတယ်။

ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

System Restore လုပ်ကြမယ်...

ရေးသားသူ GOOD NOTES 0 comments

အခုလွယ်လွယ်ကူကူ ထိထိရောက်ရောက် ဖြစ်မယ့် အကြောင်းအရာတစ်ခုပြောချင်လို့ပါ။ဒါကတော့ ကွန်ပျူတာသမားတိုင်း သိကြတဲ့ System Restore လုပ်ခြင်းပါပဲ။ ကဲ ကျွန်တော်တို့တွေ ပြုလုပ်ကြည့်ကြရအောင်။ System Restore ရဲ့ အကြမ်းမျဉ်းကို နည်းနည်းလေးပြောချင်ပါတယ်။ အလွယ်နည်းပဲ ပြောကြရအောင်။ ဥပမာ. ကျွန်တော်က System Restore လုပ်ခြင်းကို Undo လုပ်ခြင်းလို့ အကြမ်းမျဉ်းပြောချင်ပါတယ်။အရင်းဆုံး ..

1. (1.1.2010) ရက်နေ့မှာ Pagemaker7.0 ဆိုတဲ့ Software ကို Install လုပ်ကြည့်တယ်။2. (2.1.2010)ရက်နေ့မှာ Photoshop7.0 ကို ထပ်ပြီး Install လုပ်တယ်။

3. (3.1.2010)ရက်နေ့မှာ Norton Antivirus ကို ထပ်ပြီး Install လုပ်ကြမယ်ပေါ့။ (1.1.2010)ကနေ (3.1.2010)ရက်နေ့ထိ Computer မှာ ဘာပြဿနာမှ မရှိသေးဘူးနော်။

4. ကဲ့နောက် (4.1.2010)ရက်နေ့မှာ Bluetooth Software ကို Install လုပ်ကြည့်တော့ စက်က နည်းနည်း ကြောင်ချင်လာပြီး။ Window တက်လာပြီးလဲ တော်တော်လေးကြားသွားတယ်။ ဒါကြောင့် Bluetooth Software ကို Uninstall ပြန်လုပ်လိုက်တယ်။ ဒါတောင် စက်က အရင်ကလို ပြန်မမြန်လာဘူး။ ဒါဆိုစိတ်ညစ်ရပြီး။


ကဲဒါဆိုဘာလုပ်မလဲ?

ဟုတ်ပြီး.. မိမိ Computer ရဲ့ အပြစ်ကို ရှာမတတ်တာပဲဖြစ်ဖြစ်။ ရှာမတွေ့တာဘဲဖြစ်ဖြစ်။ အကောင်းဆုံးလုပ်ပေး စေချင်တာကတော့ System Restore လုပ်ပေးလိုက်စေချင်ပါတယ်။ System Restore ကို ဘယ်လိုလုပ်ကြမလဲ….

အလွယ်နည်း- System Restore ကို

1. Start > All Programs > Accessories > System Tools > System Restore ကိုသွားပါ။

2. Store my computer to an earlier time ကို mark ပေးပြီး Next > ပြီးရင် ခုနက မိမိစက်ဟာ ဘယ်နေ့ကထိ ကောင်းနေသေးတယ်ဆိုတာ သိရင် (ဥပမာ- (3.1.2010) ထိကောင်းနေချိန်) အဲ့ဒီ Date ကို select လုပ်ပြီး Next > ဖြစ်သွားပါ။ ဒီလိုနဲ့ Computer တာ ချက်ချင်း System Restore လုပ်နေပါလိမ့်မယ်။

3. Restart ဖြစ်ပြီး Window ပြန်တက်လာတဲ့အခါ မိမိ Select လုပ်လိုက်တဲ့ Date အတိုင်းပြန်လည် ရောက်ရှိသွားပြီး Computer system တွေ ပြန်မှန်သွားပါလိမ့်မယ်။ သို့သော် Bluetooth Software တော့ ရှိတော့မည်မဟုတ်ပါ။ သို့သော် မိမိ Save လုပ်ထားသော Data တွေတော့ မပျက်ပါ။ ဂမ္ဂီရသဘောနဲ့ပြောရရင် မနေ့ကအချိန်ဆီကို ပြန်သွားတာပေါ့။ ဒါကြောင့် System Restore ဟာလည်း အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။


(system restore အကြောင်းကို အတိုချုပ်ရေးထားတဲ့အတွက် အမှားများပါရှိပါက တောင်းပန်အပ်ပါသည်။)


ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

နေ့စဉ်နေ့တိုင်း အလုပ်လုပ်လာတဲ့ PC ပုံဟာ ကြာလာတော့လည်း Waste File တွေ Temp File တွေနဲ့ နေရာယူလာပါတယ်။ ကြာလာတာနဲ့အမျှ ၄င်းဖိုင်တွေများလာပြီး မိမိသုံးနေတဲ့ စက်တွေပါ လေးလာနိုင် ပါတယ်။ ဒါကြောင့် စက်လေးစေမယ့် temp/waste file လေးတွေ အလွယ်တကူ ဖျက်ကြမယ်။
1. ပထမဦးဆုံး ကျွန်တော်တို့ ဘာ software မှ မသုံးပဲ ပိတ်ထားလိုက်ကြမယ်။
2. Start>Run (win-key+R) မှတစ်ဆင့် Run Box သို့ဝင်ပါ။
3. (a) prefetch ကို ရိုက်ပါ။ ထွက်လာသမျှ ဖိုင်တွေကို အကုန် delete လုပ်ပစ်ပါ။ လုပ်လို့မရတာတွေ ချန်ထား ဟဲဟဲ။ (b) %temp% မှတဆင့် ထွက်လာသမျှ ဖိုင်တွေကို အလားတူပင်။ (c) temp ထိုနည်းလည်းကောင်းပင်။
ထိုနည်းဖြင့် မိမိ Hard Disk ထဲမှာ နေရာယူထားသော ဖိုင်များကို ရှင်းလင်းပေးခြင်းဖြင့် သင့်၏ စက် ပိုမိုမြန်လာ လာပါလိမ့်မယ်။

ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Window စတက်တက်ချင်း start up ကြောင့် Busy ဖြစ်နေလို့ အလုပ်လုပ်ဖို့ စောင့်နေရတာ စိတ်ညစ်စရာ တစ်ခုပါ။ အကြာကြီး စောင့်နေစရာ မလိုဘဲ မြန်မြန်တက် လာအောင် လုပ်ကြရအောင်.....

1.
Run box မှာ msconfig ကိုရိုက်ပါ။

2.System Configuration Utility Box ပေါ်လာပါမည်။ Start up ကိုသွားပါ။
3.ထို့မှတစ်ဆင့် Startup Items တွေရဲ့အမှတ်တွေကို ဖြုတ်ပေးပါ။
4.ပြီးရင် Apply လုပ်ပါ။Close - Restart လုပ်ပြီး၍ window ပြန်တက်လာချိန်တွင် ခါတိုင်းထက် မြန်ဆန်နေသည်ကို တွေ့ရပေမည်။

ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။