Welcome to My Website

ဘာရယ် လိုတော့ မဟုတ် ပါဘူး.. စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်လိုက်တာပဲ.. ကိုယ်သိ တာကို စုထားတဲ့ စုဘူးလေးလို့ ပြောရင်လည်း ရပါတယ်.. ကိုယ်ဘယ် လောက်ထိ သိလဲဆိုတာ ကိုယ်စုဘူး လေးကို ပြန်ကြည့်ဖို့ အပျော်ရေး ထားတာပါ..

Labels

Labels

Labels

ကဲ.. ကျွန်တော်တို့ရဲကစားနည်းကို စလိုက်ကြရအောင်။ ကျွန်တော်တို့ ကိုယ်တိုင်ပုန်းရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပုန်းခိုင်းချင်တဲ့ file လေးတွေကိုဖွက်ကြမှာပါ။ ဥပမာ… ကိုယ့်ကွန်ပျူတာထဲက ကိုယ့်ဓါတ်ပုံလေးတွေကို သူများတွေ လာဖွင့်ကြည့်ရင် မမြင်အောင် ဖွက်ကြမယ်။
1. ပထမဦးဆုံး ကိုယ်ဖွက်ချင်တဲ့ ဓါတ်ပုံ (.jpg) ဖိုင်ကို Right Click>Properties ကိုသွားပါ။
2. Attributes မှာ Read-only နဲ့ Hidden ကိုတွေ့လိမ့်မယ်။ Hidden ကို အမှတ်ပေးလိုက်ပါ။ OK နဲ့ထွက်ပါ။ ဒါဆိုရင် Photo လေးဟာ အရောင်မှိန်သွားပါလိမ့်မယ်။
3. ပြီးလျှင် Menu Bar မှ Tools>Folder Options ကိုသွားပါ။ View Tag ကိုရွေးပါ။
4. Hidden Files and Folder မှာ do not show hidden files and folders ကို အမှတ်ပေးပါ။
ဒါဆိုရင် ကိုယ့်ရဲ့ photo လေးဟာ မြင်ကွင်းရနေ ပျောက်သွားပါလိမ့်မယ်။ ကဲ ဒီနည်းကိုသုံးပြီး တူးတူးပုန်းတမ်း ကစားကြမယ်။

ကိုယ်ပြန်ကြည့်ချင်ရင်.
1. Menu Bar မှ Tools>Folder Options ကိုသွားပါ။ View Tag ကိုရွေးပါ။
2. Hidden Files and Folder မှာ show hidden files and folders ကို အမှတ်ပြန်ပေးပါ။
3. ဓါတ်ပုံ (.jpg) ဖိုင်ကို Right Click>Properties ကိုသွားပါ။
4. Attributes မှာ Read-only နဲ့ Hidden ကိုတွေ့လိမ့်မယ်။ Hidden ကို အမှတ်ကို ဖြုတ်လိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့ photo လေးကို ပြန်မြင်ရမှာ ဖြစ်ပါတယ်။ သဘောကျကြလိမ့်မယ်လို့ ထင်ပါတယ်။

ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

0 comments

Post a Comment