Welcome to My Website

ဘာရယ် လိုတော့ မဟုတ် ပါဘူး.. စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်လိုက်တာပဲ.. ကိုယ်သိ တာကို စုထားတဲ့ စုဘူးလေးလို့ ပြောရင်လည်း ရပါတယ်.. ကိုယ်ဘယ် လောက်ထိ သိလဲဆိုတာ ကိုယ်စုဘူး လေးကို ပြန်ကြည့်ဖို့ အပျော်ရေး ထားတာပါ..

Labels

Labels

Labels

System Restore လုပ်ကြမယ်...

ရေးသားသူ GOOD NOTES

အခုလွယ်လွယ်ကူကူ ထိထိရောက်ရောက် ဖြစ်မယ့် အကြောင်းအရာတစ်ခုပြောချင်လို့ပါ။ဒါကတော့ ကွန်ပျူတာသမားတိုင်း သိကြတဲ့ System Restore လုပ်ခြင်းပါပဲ။ ကဲ ကျွန်တော်တို့တွေ ပြုလုပ်ကြည့်ကြရအောင်။ System Restore ရဲ့ အကြမ်းမျဉ်းကို နည်းနည်းလေးပြောချင်ပါတယ်။ အလွယ်နည်းပဲ ပြောကြရအောင်။ ဥပမာ. ကျွန်တော်က System Restore လုပ်ခြင်းကို Undo လုပ်ခြင်းလို့ အကြမ်းမျဉ်းပြောချင်ပါတယ်။အရင်းဆုံး ..

1. (1.1.2010) ရက်နေ့မှာ Pagemaker7.0 ဆိုတဲ့ Software ကို Install လုပ်ကြည့်တယ်။2. (2.1.2010)ရက်နေ့မှာ Photoshop7.0 ကို ထပ်ပြီး Install လုပ်တယ်။

3. (3.1.2010)ရက်နေ့မှာ Norton Antivirus ကို ထပ်ပြီး Install လုပ်ကြမယ်ပေါ့။ (1.1.2010)ကနေ (3.1.2010)ရက်နေ့ထိ Computer မှာ ဘာပြဿနာမှ မရှိသေးဘူးနော်။

4. ကဲ့နောက် (4.1.2010)ရက်နေ့မှာ Bluetooth Software ကို Install လုပ်ကြည့်တော့ စက်က နည်းနည်း ကြောင်ချင်လာပြီး။ Window တက်လာပြီးလဲ တော်တော်လေးကြားသွားတယ်။ ဒါကြောင့် Bluetooth Software ကို Uninstall ပြန်လုပ်လိုက်တယ်။ ဒါတောင် စက်က အရင်ကလို ပြန်မမြန်လာဘူး။ ဒါဆိုစိတ်ညစ်ရပြီး။


ကဲဒါဆိုဘာလုပ်မလဲ?

ဟုတ်ပြီး.. မိမိ Computer ရဲ့ အပြစ်ကို ရှာမတတ်တာပဲဖြစ်ဖြစ်။ ရှာမတွေ့တာဘဲဖြစ်ဖြစ်။ အကောင်းဆုံးလုပ်ပေး စေချင်တာကတော့ System Restore လုပ်ပေးလိုက်စေချင်ပါတယ်။ System Restore ကို ဘယ်လိုလုပ်ကြမလဲ….

အလွယ်နည်း- System Restore ကို

1. Start > All Programs > Accessories > System Tools > System Restore ကိုသွားပါ။

2. Store my computer to an earlier time ကို mark ပေးပြီး Next > ပြီးရင် ခုနက မိမိစက်ဟာ ဘယ်နေ့ကထိ ကောင်းနေသေးတယ်ဆိုတာ သိရင် (ဥပမာ- (3.1.2010) ထိကောင်းနေချိန်) အဲ့ဒီ Date ကို select လုပ်ပြီး Next > ဖြစ်သွားပါ။ ဒီလိုနဲ့ Computer တာ ချက်ချင်း System Restore လုပ်နေပါလိမ့်မယ်။

3. Restart ဖြစ်ပြီး Window ပြန်တက်လာတဲ့အခါ မိမိ Select လုပ်လိုက်တဲ့ Date အတိုင်းပြန်လည် ရောက်ရှိသွားပြီး Computer system တွေ ပြန်မှန်သွားပါလိမ့်မယ်။ သို့သော် Bluetooth Software တော့ ရှိတော့မည်မဟုတ်ပါ။ သို့သော် မိမိ Save လုပ်ထားသော Data တွေတော့ မပျက်ပါ။ ဂမ္ဂီရသဘောနဲ့ပြောရရင် မနေ့ကအချိန်ဆီကို ပြန်သွားတာပေါ့။ ဒါကြောင့် System Restore ဟာလည်း အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။


(system restore အကြောင်းကို အတိုချုပ်ရေးထားတဲ့အတွက် အမှားများပါရှိပါက တောင်းပန်အပ်ပါသည်။)


ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

0 comments

Post a Comment