Welcome to My Website

ဘာရယ် လိုတော့ မဟုတ် ပါဘူး.. စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်လိုက်တာပဲ.. ကိုယ်သိ တာကို စုထားတဲ့ စုဘူးလေးလို့ ပြောရင်လည်း ရပါတယ်.. ကိုယ်ဘယ် လောက်ထိ သိလဲဆိုတာ ကိုယ်စုဘူး လေးကို ပြန်ကြည့်ဖို့ အပျော်ရေး ထားတာပါ..

Labels

Labels

Labels

Showing posts with label NEWS. Show all posts
Showing posts with label NEWS. Show all posts

ADOBE PHOTOSHOP ဆိုသည်မှာ

ရေးသားသူ GOOD NOTES 0 comments

ကျွန်တော်အရမ်းကြိုက်တဲ့ Post လေးပါ။ http://aunglay.yolasite.com မှ ကိုအောင်ဆန်း ကူးယူဖော်ပြပါသည်။

သာမန်ပုံရိပ်ပြင်သော Photo Software သေးသေးလေးမှ စတင်ခဲ့သော Photoshop သည် ယခုအခါ နှစ် 20 ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
ထိုနည်းတူ အလွန်အစွမ်းထက်ပြီးတစ်ကမ္ဘာလုံးတွင် မသိသူမရှိအောင်ကျော်ကြားလာခဲ့တဲ့ အတွက်အနုပညာဆန်သောအရည်အသွေးများ
ကိုစိတ်တိုင်း ကျဖန်တီး နိုင်သည်အထိ တိုးတက်အောင်မြင်ခဲ့ပြီးနောက် ဒီဇိုင်နာ၊ ပန်းချီဆရာ၊ ဓာတ်ပုံသမားများ၏ အသဲစွဲဖြစ် လာခဲ့ရသည်။

ကုမ္ပဏီနံဘေး ရစ်ခွေစီးဆင်းသော ချောင်းငယ်လေးကို အစွဲပြု၍ Adobe ဟူသောအမည်ကို မှည့်ခေါ်ခြင်းဖြစ်သည်။ Photoshop ဟုလူသိ များသည့် DPD (Desktop Publishing Program) ဖြစ်ပြီး Adobe System မှထုတ်လုပ်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။ 1987 လှုစ်တွင်စတင်၍ Mac ကွန်ပြူတာများတွင် သုံးစွဲနိုင်စေမည့် Program ငယ်လေးကို ရေးသားခဲ့ရာမှ Adobe Photoshop ဟူ၍ဖြစ်လာရသည်။

Photoshop ကိုဘယ်သူတွေဖန်တီးခဲ့ကြတာလဲ ? ဒါကသိသင့်ပါတယ်။ Photoshop ၏နောက်ကွယ်မှာ တီထွင်ဖန်တီးရှင် Knoll ညီနောင်နှစ် ယောက်ရှိပါတယ်။


Thomas Knoll

PhD ကျောင်းသားဘ၀နောက်ပိုင်းတွင် Photoshop ကိုအချိန်ပြည့်ပြုပြင်ဖန်တီးခဲ့သည်။ Photoshop CS4 မထွက်ခင် အချိန်အထိတော့ Thomas ဟာ Photoshop မှာ Lead Developer ကင်မရာတွေထဲကနေရရှိတဲ့ Raw Image တွေအတွက်အဓိက Tools တွေကိုကြိုးစားတည်ဆောက်နေပါတယ်။



John Knolls
ကောလိပ်ကထိကကွန်ပြူတာနှင့်ဓာတ်ပုံပညာရပ်တွင် ဘ၀ကိုမြုပ်နှံထားခဲ့သည်။ Adobe ၏ Dark Room Software တွင် ၎င်း၏လုပ်ဆောင်ချက်အဓိကပါဝင်ပြီး apple 2plus စက်အို ကလေးဖြင့် အဆိုပါ Raw Image များကိုပြုပြင်ဖန်တီးနိုင်သော Dark Room Software ကိုရေးသားခဲ့သည်။ John ဟာ Light Migic စက်ရုံမှာVisual Effect Supervisor အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ Star War ရုပ်ရှင်တွေကစပြီး သူဟာ Visual Effect တွေကိုအလွန်စိတ်ဝင်စားခဲ့ပြီး Star Trek ရုပ်ရှင်၊ Star Trek Episode ရုပ်ရှင်နဲ့ Pirate of the Caribbean ရုပ်ရှင်တွေမှာ Supervisor အဖြစ် ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

Knoll ညီအကိုနှစ်ယောက်ဟာ သူ့အဖေဆီက ဓာတ်ပုံပညာကိုကျောင်းသားဘ၀တည်းက အမွေဆက်ခံ နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အစ်ကိုတော် တစ်ယောက်ဖြစ်သူ John Knoll မှာ နေ၍ Macintosh ကွန်ပြူတာများကို မိတ်ဆက်ပေးခဲ့ရာမှစ၍ ဓာတ်ပုံ Software လေးတစ်ခုကို စတင် ပြုလုပ်ရန် စိတ်ကူးရခဲ့ကြတာ ဖြစ်ပါတယ်။ 1987 ရဲ့ပထမဆုံးနှစ်တွေမှာ မဂျစ်ကန်တက္ကသိုလ်ရဲ့ PhD ကျောင်းသား Thomas Knoll ဟာ သူ့မော်နီတာ လေးကနေ တစ်ဆင့်Gray scale ရအောင်ပြု လုပ်နိုင်တဲ့ Monochrome ပုံရိပ်များကိုဘာသာပြန်နိုင်တဲ့ Program အသေးစားလေးကို စတင်ရေးသားခဲ့ပါတယ်။ စစချင်းမှာအခက် အခဲတွေအများကြီးတွေ့ရပေမယ့် သိပ်မကြာခင်မှာပ ကင်မရာပေါ်ကနေရရှိလာတဲ့ ပုံရိပ်တွေကို အထူးပြုလုပ်ချက်လေးတွေ ပေါင်းထည့်ပေး နိုင်တဲ့ Program ကလေးတစ်ခုကိုရရှိမယ့်လမ်းစကိုသွားတွေ့ခဲ့ပါတယ်။ အဲဒီ Program လေးကို Image Editor လို့အမည်ပေးပြီးနောက်ပိုင်း မှာ Photoshop 1.0 ဖြစ်လာခဲ့ပါတယ်။ အဲဒီနေရာမှာ ချီးကျူးဖို့ကောင်းတာကတော့ Thomas ရဲ့ Programming စွမ်းရည်ပါပဲ။ အဲဒီနည်းတူ အမည်မခံပဲ နောက်ကွယ်ကနေအလုပ်လုပ်ပေးနေတဲ့ John Knoll ရဲ့ ဒီဇိုင်းနည်းပညာတွေနဲ့အတူ 1988 ခုနှစ်မှာ Image Pro ဟုခေါ်ဆိုတဲ့ Software လေးကိုစတင်ဖန်တီးနိုင်ခဲ့ပါတယ်။ စစချင်းမှာပဲ အရှုံးနဲ့ရင်ဆိုင်လိုက်ရပါတယ်။ အဲဒီ Software လေးဟာ လုံးဝကို ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အမှားတွေများစွာနဲ့ Error တွေမြောက်များစွာနဲ့ ဈေးကွက်သို့ တင်ပို့ရောင်း ချခဲ့ပေမယ့် သုံးစွဲသူတိုင်းကို စိတ်ပျက်စေခဲ့တဲ့ Software လေးတစ်ခုဖြစ်ခဲ့ရပါတယ်။ 6 လကြာတဲ့ အခါမှာတော့Knoll ညီအကိုနှစ်ယောက်ဟာ ကုမ္ပဏီလေးတစ်ခုကို သူတို့ Program လေးကို Copy 200 ရောင်းချခွင့်အခွင့်အ ရေးကိုရရှိခဲ့ကြပါတယ်။ ဒါဟာသူတို့ဘ၀အတွက် ပထမဦးဆုံး အောင်မြင်ဖို့လမ်းစ လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Aldus ကပေါင်း စည်းဖို့ဆွဲဆောင်ခဲ့ပေမယ့် သူတို့ရဲ့ Software ကိုသူတို့ဘာသာ လိုင်စင်တင်ပြီး ထုတ်ဝေမယ့်လမ်းကြောင်းကိုသာ Knoll ကရွေးချယ်ခဲ့ ကြပါတယ်။ 1990 ရဲ့ ဖေဖော်ဝါရီလဆန်းမှာတော့ Adobe Photoshop 1.0 ကိုထုတ်ဝေခဲ့ပါတယ်။ အဲဒီ 1.0 ဟာ Image Pro ကိုအဆင့်မြင့် ထားတာဖြစ် ပေမယ့် Image Editor ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။


1990- Photoshop 1.0
Thomas ရဲ့အကိုဖြစ်သူ John ဟာ ဒီ Program အတွက် Special Effect တွေကိုရေးသားခဲ့ပါတယ်။ Thomas ကတော့ Photoshop ထဲကို Plug-in ဘယ်လိုထည့်သွင်းရမလဲဆိုတဲ့လမ်းကြောင်းကို တွေ့ရှိခဲ့ပြီး Add on တွေကိုသွင်းတဲ့အခါ ပိုမိုအစွမ်းထက်တဲ့ Program တစ်ခုဖြစ် လာစေဖို့ကြိုးပမ်းအား ထုတ်ခဲ့တယ်။ အဲဒီအချိန်မှာ ကုမ္ပဏီလေးဟာ သူတို့ရဲ့ Product ကို သင်္ဘောတင်ပြီးကမ္ဘာပတ်ပြီးရောင်းချဖို့ကြိုးစား နေတဲ့အချိန်မှာဆိုရင် Adobe ကုမ္ပဏီရဲ့ ၀န်ထမ်းအရေအတွက်က စုစုပေါင်း 4 ယောက်သာရှိခဲ့ပါတယ်။
1991- Photoshop 2.0
ဒီနှစ်မှာတော့ Mark Hamburg လို့ခေါ်တဲ့ အင်ဂျင်နီယာတစ်ယောက်ရောက်ရှိလာခဲ့ပါပြီ။ အဲဒီ Photoshop 2.0 မှာလမ်းကြောင်း Path ပါဝင် လာခဲ့ပြီး Object တွေကို အလွယ်တကူ ထွင်းနိုင်တဲ့ Tool ကိုပေါင်းထည့်ပေးခဲ့ပါတယ်။ CMYK ကာလာအတွက် အလုပ်လုပ် ပေးနိုင်စွမ်းရှိပြီး ပုံနှိပ်ထုတ်ဝေရေး စက်ရုံတွေအတွက် အကောင်းဆုံးဖြစ်စေကာ Pan Tool ကိုစတင်အသုံးပြုခဲ့သည်။ Photoshop 2.0 စာ Ram 4MB သာ လိုအပ်ပါသည်။ 1992 မှာ Photoshop 2.0 ကိုထုတ်ဝေခဲ့ပေမယ့် ဒါဟာလုပ်ရိုးလုပ်စဉ် အတိုင်းသာဖြစ်ခဲ့ပြီး ထင်ရှားတဲ့ Tools များမပါဝင်ခဲ့ပါဘူး။ အထူးသဖြင့် 2.5 နဲ့ 2.5.1 ဟာ Mac တွေအပေါ်မှာသာအလုပ်လုပ်ပြီး Window ပေါ်မှာ အလုပ်လုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီအနေအ
ထားကို အင်ဂျင်နီယာ Mac Hamburg ကပြောင်းလဲပစ်ဖို့ကြံစည်ခဲ့ပါတယ်။
1994- Photoshop 3.0
Layer တွေစတင်ပေါင်းထည့်လာခဲ့ပါပြီ။ Layer တွေပေါင်းထည့်လိုက်တာဟာ Photoshop ကိုပိုပြီးပြည့်စုံစေတဲ့ Software အဆင့်ကိုမြန်မြန် ဆန်ဆန် တွန်းပို့လိုက်တာ ပါပဲ။ အမှန်တကယ်တမ်း ပြောရရင် မူလပထမဖန်တီးသူ Thomas Knoll ဟာ အခု Layer ပေါင်းထည့်တဲ့ပုံစံစနစ် ကို Sandwich အသားညှပ်ပေါင်မုန့် စားရင်းစိတ်ကူးရသွားတာဖြစ်ပါတယ်။ အင်ဂျင်နီယာ တွေလည်းအနည်းငယ်ရောက်ရှိလာခဲ့ပြီး ကုမ္ပဏီ လည်းလူဦးရေ 15 ယောက်လောက်ခန့်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ Window ပေါ်မှာ သုံးစွဲလို့မရနိုင်သေးပါဘူး။ Window ပေါ်မှာ သုံးစွဲဖို့အတွက်ကြားခံ Software တွေများစွာ သုံးစွဲနေရတုန်း ဖြစ်ပါတယ်။
1996- Photoshop 4.0
Layer တွေကို ချိန်ညှိနိုင်တာ ပြုပြင်နိုင်တာ အားလုံးကို စတင်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အထူးသဖြင့် Macro လို့ခေါ်တဲ့ Action တွေကို စတင် ပြီးတော့ Photoshop ရဲ့ Clipboard ပေါ်မှာအကောင်းဆုံး လုပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ Photoshop ရဲ့ပြိုင်ဘက်များအဖို့ Adobe Product ရဲ့ အကောင်းဆုံးTool စွမ်းရည်တွေကို အရင်ဦးဆုံး ရရှိခဲ့တာဖြစ်ပေမယ့် လွယ်ကူရိုးရှင်းလှတဲ့ Photoshop ကိုယှဉ်ပြိုင်နိုင် စွမ်းမရှိခဲ့ကြပါဘူး။အထူးသဖြင့် ပုံရိပ်ပြင်တဲ့ Software ကို ၀ါရင့်ဒီဇိုင်နာတွေ တင်မကပဲ သာမန်သုံးစွဲတဲ့သူလက်ထဲရောက်အောင်ထည့်ပေးဖို့ကို Thomas Knoll ရဲ့စိတ်ကူးကို လိုက်မမီခဲ့ကြပါဘူး။ အဲဒီအချိန်မှာ များသောအားဖြင့် ကွန်ပြူတာ ဆိုတာ သချာင်္ပါမောက္ခတွေနဲ့ ပညာရှင် တွေပဲသုံးစွဲနိုင်တဲ့ တစ်ခုတည်းသော ဇိမ်ခံပစ္စည်း အဆင့်သာသာပဲ ရှိသေးတာကြောင့်လည်းဖြစ်ပါတယ်။
1998- Photoshop 5.0
နှစ်အတော်ကြာနေရာယူခဲ့ပြီးအပြည့်စုံဆုံးနီးပါး Tools များနဲ့ အကောင်းဆုံး Feature များကိုပေါင်းထည့် လာခဲ့ပါတယ်။ ဒီဇိုင်နာတွေကြိုက် ကြတာကတော့ စိတ်ကြိုက်မတွေ့မချင်း နောက်ပြန်သွားနိုင်တဲ့ Undo Action နဲ့ History Palette ပဲဖြစ်ပါတယ်။ အချိန်မရွေးပြန်လုပ်နိုင်တဲ့ နောက်ပြန်သွားနိုင်တဲ့ Multiple Undo ဟာ ဒီဇိုင်နာ သမားတွေသာမကပဲ သာမန်သုံးစွဲသူတွေကိုပါအကြိုက် တွေ့စေခဲ့ပါတယ်။ ဒါ့အပြင် အရောင်တွေကို ထိန်ချုပ် စီမံခန့်ခွဲနိုင်တဲ့ Color Management ကိုလည်းပေါင်းထည့်ပေးလိုက်တဲ့အတွက် Photoshop ဟာအစွမ်းကုန်တိုး တက်လာခဲ့ပါတယ်။ Selection ဧရီယာတွေကိုအလွယ်ကူဆုံး မှတ်ယူနိုင်တဲ့ Magnetic Lasso Tool ကိုစတင်မိတ်ဆက်ပေးလိုက်ပါတယ်။
1999- Photoshop 5.5
အင်တာနက်ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ကိုယ့်ရဲ့ပုံရိပ်တွေ ကိုအင်တာနက်ပေးတင်ဖို့အတွက် Save For Web ဆိုတာကိုပါပေါင်းထည့်ခဲ့တယ်။ အဲဒီ Tool ဟာပုံရိပ်တွေကို အရည်အသွေးမပျက်စေပဲ အသေးစားအရွယ်အစား အထိချုံ့ပစ်နိုင်ပြီးအင်တာနက်ပေါ်ကိုအလွယ်တကူ နဲ့မြန်မြန်ဆန်ဆန်တင်ပေးနိုင်တာကြောင့် အင်တာနက်နဲ့ ပက်သတ်ပြီးအလုပ်လုပ်နေကြရသော သူများအကုန်လုံးစိတ်ဝင်စားခဲ့ကြရတယ်။ 5.5 နောက်မှာ ထပ်စိတ်ဝင်စားစရာ တစ်ခုက Image Ready ဖြစ်ပြီး Web ပေါ်က Graphic တွေကိုစိတ်ကြိုက် တည်းဖြတ်ပြုပြင်နိုင်ဖို့ အတွက်ပြုလုပ်ပေးနိုင်တဲ့ Program တစ်ခုဖြစ်ပါတယ်။
2000- Photoshop 6.0
စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေတဲ့ အခြား Software သုံးစွဲတဲ့သူတွေနဲ့ Web ပေါ်က Designer တွေရော အပြင်ကမ္ဘာကကွန်ပြူတာ သမားတွေပါ Photoshop ကိုစမ်းသုံးဖို့ စတင်စိတ်ကူးလာခဲ့ကြပါပြီ။ 2000 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Version 6.0 ဟာတကယ်တမ်းပြောရရင် စိတ်ဝင်စားစရာ ပြုပြင်ပြောင်းလဲထားတဲ့ အချက်သိပ်မရှိပေမယ့် ပုံရိပ်တွေကို ပြုပြင်ဖန်တီးတဲ့နေရာမှာတော့ အဲဒီအချိန်မှာခေတ်ပြိုက်ဖြစ်တဲ့ Corel Draw ထက် အများကြီးသာလွန် ကောင်းမွန်ခဲ့ပါတယ်။ 2000 ခုနှစ်မှာ Adobe အတွက်ရရှိလိုက်တဲ့ အကောင်းဆုံးလက်ဆောင်က တော့ User ပေါင်းသန်းချီပြီး Photoshop အပေါ်ကိုစိတ်ဝင်စားလာခဲ့ကြခြင်းပါပဲ။
2001- Photoshop Elements
တကယ်တမ်းပြောရရင် Photoshop Elements ကိုထုတ်ဝေဖို့စိတ်ကူးမရှိခဲ့ကြပါဘူး။ ဒါပေမယ့် Adobe ဟာ သူတို့ရဲ့အားနည်းချက်ကိုသူတို့ ကိုယ်တိုင်အချိန်မီသိရှိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Adobe Photoshop ရဲ့ဈေးနှုန်းက အဆမတန်များပြားနေလို့ပါပဲ။ တိတိကျကျပြော ရရင် Photoshop ကို အချို့နိုင်ငံတွေက စိတ်တိုင်းကျဝယ်ယူသုံးစွဲနိုင်ပေမယ့် တစ်ချို့ Printing House တွေမှာတော့ဈေးနှုန်းကြီးမြင့်တဲ့အ တွက်ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် Photoshop Elements ကို ဈေးသက်သက်သာသာနဲ့ Photoshop ထဲက Tools တစ်ချို့ကိုဖြုတ်ပြီးရောင်းချခဲ့တာပါ။ (Photoshop Elements ဟာ Image Ready ကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်)
2002- Photoshop 7.0
Mac OS နှင့် Window OS နှစ်ခုစလုံးမှာနန်းသိမ်းအောင်ပွဲခံသွားတဲ့ Version လို့တောင်ဆိုနိုင်ပါတယ်။ Software ဟာပေါ့ပေါ့ပါးပါးနဲ့ Web Page ထဲမှာအလွယ်တကူ အလုပ်လုပ်နိုင်တဲ့အတွက် ရှိရင်းစွဲသုံးစွဲသူ တွေကိုပိုပြီးတော့ တိုးပွားစေသလိုပြိုင်ဘက်မှာ ၀ယ်ယူသုံးစွဲနေတဲ့ Customer တွေကပါ Photoshop ကို ပြောင်းပြီးသုံးစွဲခဲ့တာ အခု Version မှာပဲဖြစ်ပါတယ်။ Vector ကိုအခြေခံတဲ့ Brush နှင့် Text ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Brush Tool, Patch Tool တွေနဲ့ Custom Brush တွေကိုအသစ်ထည့်သွင်းပေးခဲ့ပြီး Photoshop ထဲမှာ တစ်ခါ တည်း စာစီစာရိုက် ပါလုပ်စေနိုင်တဲ့ Feature အတွက်စာလုံးပေါင်းစစ်ဆေးတာတွေ စာလုံးရှာတာတွေ၊ နေရာချတာတွေကိုပါ Update ပြုလုပ်ပေးခဲ့ပါတယ်။
2003- Photoshop CS
Java Script အပါအ၀င် အင်တာနက်ဘာသာစကားပေါင်းစုံကို Support လုပ်နိုင်တဲ့ Scripting တွေကိုပေါင်းထည့်ပေးခဲ့ပါတယ်။ Layer တွေကို အုပ်စုတွေဖွဲ့လာနိုင်ပါတယ်။ ဘယ် Layer မျိုးကိုမဆို အုပ်စုထဲမှာအတူတူအလုပ်လုပ်နိုင်စေတဲ့ Effect တွေထည့်သွင်း ပေးခဲ့ပါ တယ်။ ဒီဇိုင်နာတွေနဲ့ ဓာတ်ပုံသမားတွေအတွက် အရေးကြီးဆုံး လိုအပ်တဲ့ Resolution အရမ်းကိုမြင့်မားတဲ့ပုံရိပ် တွေကိုပြုပြင် ဖန်တီးတဲ့လုပ် ဆောင်ချက်ကိုထည့်သွင်းပေးခဲ့ပြီး ဖိုင်ဆိုဒ် 1GB ရှိတဲ့ပုံရိပ်ကို ဖြစ်စေ၊ Hardware မြင့်မားပါက အလွယ်တကူပြုပြင်ဖန်တီးနိုင်တဲ့အခွင့်အရေး တစ်ချို့ ရလာခဲ့ပါတယ်။
2005- Photoshop CS-2
ဒစ်ဂျစ်တယ်ကင်မရာနဲ့ရိုက်ကူးလိုက်တဲ့အခါပုံရိပ်တွေပေါ်မှာသွားထင်တက်တဲ့ Red Eye ဖယ်ရှားမှု Tool တစ်ခုကိုပေါင်းထည့်ပေးခဲ့ပါတယ်။ CS-2 ဟာ Photoshop ရဲ့ Creative Suite တွေထဲမှာ အကောင်းဆုံးနဲ့ အပေါ့ပါးဆုံးလို့ပြောလို့ရနိုင်တဲ့ Software တစ်ခုပါ။ ပုံရိပ်တွေကိုPerspective အမြင်ကနေ ပြုလုပ်ဖန်တီးနိုင်တဲ့ Tool တစ်ခုဖြစ်တဲ့ Varnishing Point Tool ကိုပေါင်းထည့်ခဲ့ပါတယ်။
2007- Photoshop CS-3
အနည်းငယ်ဒီဇိုင်းပြောင်းသွားပါတယ်။ ဒီ Photoshop CS-3 ဟာ ကင်မရာတွေကနေရိုက်ကူးခဲ့တဲ့ Raw Image တွေကို အကောင်းဆုံးပြုပြင် တည်းဖြတ်ဖို့အတွက် Tools အသစ်တွေပေါင်းထည့်ခဲ့ပါတယ်။ ဖုန်း၊ PDA နဲ့အခြား Portable Device တွေမှာသုံးစွဲနိုင်တဲ့ Notable CS-3 ကိုတစ်လက်စတည်းပွဲထုတ်ခဲ့ပါတယ်။ ဈေးကွက်ထဲကိုတော့ Standard နဲ့ Extended ဆိုပြီး Edition နှစ်မျိုးရောင်းချခဲ့ပါတယ်။ Window သမားတွေအတွက်လည်း စွမ်းရည်ကို Upgrade မြှင့်တင်ပေးခဲ့သလို Intel Chip ကိုသုံးစွဲထားတဲ့ Macintosh သမားတွေအတွက်လည်း Performance နဲ့ Speed ကိုအကောင်းဆုံးတိုးမြှင့်ပေးခဲ့ပါတယ်။ Clone Stamp Tool ကိုလည်း အလွယ်တကူ ပွားများစေနိုင်တဲ့ Clone- Source Palette အဖြစ် Upgrade ပြုလုပ်ပေးခဲ့ပါတယ်။
2008- Photoshop CS-4
အလွန်ချောမွေ့ပြီး Smart ကျတဲ့ Pan Tool နဲ့ Zoom ကို Upgrade ပြုလုပ်ပေးခဲ့ပါတယ်။ Mask နဲ့ Adjustment Palette ကိုပေါင်းထည့် ခဲ့ပါတယ်။ အရောင်ရွေးချယ်မှုမှန်ကန် စေရန်အရောင်စီမံခန့်ခွဲသော Tool များကိုအလွယ်တကူ ရရှိစေနိုင်ရန် အကောင်းဆုံးပေါင်းထည့် ပေးခဲ့ပါတယ်။ User Interface မှာအကောင်းဆုံးတွေမြင်နိုင်ဖို့ Title Bar မှာ အဓိကကျတဲ့ Tools တွေကို အလွယ်တကူ ထည့်ပေးခဲ့ပါတယ် ။
2010- Photoshop CS-5
Graphic Design, Video Editing and Web Development Application များကိုပေါင်းစုပြီး Creative Suite (CS) ဟုခေါ်ဆိုခဲ့ရာမှယခု ဆိုရင် 2010 ဧပြီလ 12 ရက်နေ့တွင်တရားဝင်ဖြန့်ချီသွားသည်။ Adobe White Rabbit အမည်ဖြင့် ထွက်ရှိလာသော CS-5 သည် အသွင်သစ် ဖြင့်ပေါ်ပေါက်လာခဲ့ပါသည်။ အရင် Version များဖြင့် များစွာကွာခြားသော CS-5 မှာ Designer များအဖို့စိတ်ကျေနပ်စရာပင်ဖြစ်သည်။

Buy 12 Call Internet Package 20 Hour

ရေးသားသူ GOOD NOTES 1 comments

ကျွန်တော် အမြဲတမ်း သုံးနေတဲ့ Number ပါ။ ဟိုအရင်က အင်တာနက် Package ၀ယ်မယ်ဆိုရင် 12 call Center ကို အင်္ဂလိပ် ပြောပြီး ၀ယ်ရတယ်။ အခု သူငယ်ချင်း တစ်ယောက် ဆီက 12 Call Internet Package 20 Hour ကို အမြန် ၀ယ်တဲ့ Number လေး ရခဲ့တယ်ဗျ။ အရမ်း ကောင်းလို့ ဒီမှာ လာအော်တာပါ။


လမ်းညွှန်....
1. အရင်ဆုံး မိမိဖုန်းပိုက်ဆံ 105 baht ရှိရပါတယ်။
2. ပြီးရင် *138*0333*626150# ကိုနှိပ်လိုက်ပါ။
3. ပြီးတာနဲ့ Massage ၀င်လိမ့်မယ်။

ဒါဆိုရင် အင်တာနက် နာရီ 20 ကို အသုံးပြု လို့ရပါပြီး။ နာရီလက်ကျန် ကိုတော့ *139# ကို နှိပ်ပြီး ကြည့်လို့ ရပါတယ်။

Ubifind English - Myanmar Dictonary

ရေးသားသူ GOOD NOTES 0 comments

Mobile ဖုန်းများအတွက် Ubifind English - Myanmar Dictonary ဟုခေါ်သည့် Software ကို ဈေးကွက် မိတ်ဆက်သည့် အခမ်းအနား တစ်ရပ်ကို (26.7.2008)ရက်၊ နေ့လယ် (၃)နာရီက ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ဝင်း အတွင်းရှိ Myanmar Info-Tech မှာ SIDA Technology ကုမ္ပဏီလီမိတက်မှ ဦးစီးကျင်းပ ခဲ့ပါသည်။ Software အသစ်ကို Sida က ကိုယ်ပိုင်တီထွင် ထုတ်လုပ်ထား ခြင်းလည်း ဖြစ်ပါသည်။
Mobile ဖုန်းဆောင်ထား သူတိုင်းဟာ အဘိဓါန်တစ်အုပ်ကို အလေးခံ၊ နေရာ အပုတ်ခံပြီး ယူဆောင်သွား ရန်မလိုဘဲ မိမိသိလိုတဲ့ အင်္ဂလိပ် စာလုံးကို Mobile ဖုန်းအသုံးပြုပြီး အဓိပ္ပာယ်ကို အမြန်ဆုံး သိရှိနိုင်တဲ့ အတွက် လွယ်ကူ သက်သာပြီး များစွာ အထောက်အကူ ပြုတဲ့အဘိဓာန် ဖြစ်ပါတယ်။ Ubifind မှာ မြန်မာနိုင်ငံမှာ လူသုံးများနေသော Modern English-Myanmar အဘိဓာန်များကို အခြေခံပြီး စာလုံးရေ (၅)သောင်းကျော် ပါဝင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် Mobile ဖုန်းသုံးစွဲနေတဲ့ ပြည်တွင်းပြည်ပရှိ မြန်မာများ လုပ်ငန်းခွင် များမှာ အလုပ်လုပ် ကိုင်နေသူများ၊ ကျောင်းသားကျောင်းသူများအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ထု လုပ်ခြင်းဖြစ် တယ်လို့ သိရပါသည်။ Ubifind Dictionary ကို ၀ယ်ယူလိုပါက အဆင်ပြေစေရန်အတွက် နည်းလမ်းနှစ်မျိုးနဲ့ ရောင်းချပေးမှာဖြစ်ပြီး ကျွန်ပျူတာ ကျွမ်းကျင်ပြီး မိမိကိုယ်တိုင် Install ပြုလုပ်လိုပါက အင်တာနက်ရှိ http://www.sitatechasia/ မှ demovision ကို Download ပြုလုပ်ကာ မိမိ Phone ပေါ်သို့ ထည့်သွင်းကာ စမ်းသပ်အသုံး ပြုနိုင်ပါသည်။ စမ်းသပ်ရာမှာ ကြိုက်နှစ်သက်ပြီး ၀ယ်ယူလိုပါက ရန်ကုန်မြို့ရှိ စိန်ဂေဟာ စူပါမားကတ်များ အားလုံး အပါအ၀င် အခြား Cash Drop Off Center များမှာ ငွေသွင်းကာ Activation Code ကိုရယူနိုင်ပါတယ်။ ဆိုင်မှာ ထည့်သွင်း လိုသူများ အတွက် ရန်ကုန်ရှိ ဖုန်းအရောင်း ဆိုင်ကြီးများနဲ့ မန္တလေးရှိ ဖုန်းအရောင်း ဆိုင်များမှာ လွယ်လွယ်ကူကူဝယ်ယူထည့် သွင်းနိုင်ပြီး အဲ့ဒီဆိုင်များမှာ ရောင်းချပေးကာ လိုအပ်တာ များကို ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါသည်။
Cash Drop Off Center နဲ့ရောင်းချပေးမယ့် Mobile ဖုန်းအရောင်း ဆိုင်များ စာရင်းကို http://www.sitateach.asia/ မှာ ကြည့်ရှုနိုင်ပြီး စာရေးလုံး(၅၀၀၀၀) ကျော်ပါရှိတဲ့ Ubifind (Proversion) ကို မြန်မာငွေ(19000)ကျပ်နဲ့ ၀ယ်ယူနိုင်ပြီး စာလုံးရေ (25000)ကျော် ပါဝင်တဲ့ (Live Version)ကို မြန်မာငွေ (9500)ကျပ်နဲ့ ၀ယ်ယူအသုံး ပြုနိုင်ပြီး ဖြစ်ကြောင်း သိရှိရ ပါသည်။

PHONE APPLICATION

ရေးသားသူ GOOD NOTES 0 comments

အလွန်အသုံးဝင်တဲ့ Mobile Phone Java Application အကြောင်း နည်းနည်း ပြောချင်လို့ပါ။ အခု ကျွန်တော် Sony Ericcson W810i ကို အသုံးပြုပါတယ်။ Sony Ericcson ဆိုတာ ကျွန်တော်အရမ်းကြိုက်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် Sony Ericcson W810i က Model နည်းနည်းနိမ့်လို့ Nokia N70 တို့လိုတော့ ဘယ်သုံးလို့ရမလဲ။ Mobile Java software မှာ အရမ်းကြိုက်တာကတော့ Google map ပေါ့ဗျာ။ Java Application ပါတဲ့ ဖုန်းတိုင်း အသုံးပြုလို့ ရပါတယ်။ Google map ကိုတော့ Mobile phone internet ကနေ http://www.mobilelife.com/ မှာ Free Download လုပ်နိုင်ပါတယ်။ အရင်တုန်းကတော့ Mobile Phone တွေကို ဖုန်းပြောဖို့လောက်ပဲ တွက်ထားခဲ့တာပါ။ အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ အခုဆိုရင် Multimedia တော်တော် များများကို Mobile Phone တစ်လုံးတည်းနဲ့ အရမ်းအဆင်ပြေနေပြီးပေါ့ဗျာ။ ဥပမာပြောရရင်- Gmail ဖတ်တာတို့၊ Gtalk ပြောတာတို့ မြန်မာအဘိဓာန် ကြည့်တာတို့ကို ကိုယ်ပိုင် Mobile ဖုန်းတွေနဲ့ ကြည့်လို့ရတာတွေ ဟာ အရမ်းကို အသုံးဝင်ပါတယ်။ အခုဆို မြန်မာနိုင်ငံက ပညာရှင်များကလည်း MYSM တို့ UBifind တို့လို java software တွေကို ရေးနေကြတာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေပါပြီး။ ကျွန်တော်ကတော့ java game တို့ software တို့ကို Internet ပေါ်ကယူပြီး တင်လိုက်၊ ဖြတ်လိုက် လုပ်တာ တော်တော် အချိန်ကုန်သွားပြီး။ အသုံးဝင်တဲ့ ကြိုက်တဲ့ software တွေ တော်တော်များများ ရှိတယ်။ အခုဆိုရင် Nokia ဖုန်းတော်တော်များများမှာလည်း sis တွေလည်း အသုံးပြုနေပါပြီး။ နောက်ပိုင်း Mobile Phone တွေဟာ ကွန်ပျူတာ တစ်လုံးကဲ့သို့ အလုပ်လုပ်နိုင်ခြင်းကို တွေ့ရတာ တကယ်ပီတိ ဖြစ်မိတယ်ဗျာ။