Welcome to My Website

ဘာရယ် လိုတော့ မဟုတ် ပါဘူး.. စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်လိုက်တာပဲ.. ကိုယ်သိ တာကို စုထားတဲ့ စုဘူးလေးလို့ ပြောရင်လည်း ရပါတယ်.. ကိုယ်ဘယ် လောက်ထိ သိလဲဆိုတာ ကိုယ်စုဘူး လေးကို ပြန်ကြည့်ဖို့ အပျော်ရေး ထားတာပါ..

Labels

Labels

Labels


1. ESPON PRINTER စာရွက်ထုတ်နေစဉ် Print Document ကို Cancel မလုပ်ပါနဲ့။ Cancel လုပ်မိခဲ့ရင်တော့ ဆေးမညီတော့ဘူး။ ဆေးမညီရင် Nozzle Check ပြန်လုပ်နေရတာ အချိန်ကုန်လို့ပါ။
2. cartridge ဆေးကုန်တဲ့ Alarm ပြရင်တော့ ဆေးမညီတော့ပါဘူး။ Nozzle Check လုပ်လည်း မရပါဘူး။ Ink Tank နဲ့ တွဲသုံးတဲ့သူဆိုရင်တော့ SSC Software ကို အသုံးပြုပြီး Cartridge Reset လုပ်ရပါမယ်။ Reset ချပြီးရင် Nozzle Check လုပ်ပြီး အသုံးပြုလို့ပါပြီး။

Buy 12 Call Internet Package 20 Hour

ရေးသားသူ GOOD NOTES 1 comments

ကျွန်တော် အမြဲတမ်း သုံးနေတဲ့ Number ပါ။ ဟိုအရင်က အင်တာနက် Package ၀ယ်မယ်ဆိုရင် 12 call Center ကို အင်္ဂလိပ် ပြောပြီး ၀ယ်ရတယ်။ အခု သူငယ်ချင်း တစ်ယောက် ဆီက 12 Call Internet Package 20 Hour ကို အမြန် ၀ယ်တဲ့ Number လေး ရခဲ့တယ်ဗျ။ အရမ်း ကောင်းလို့ ဒီမှာ လာအော်တာပါ။


လမ်းညွှန်....
1. အရင်ဆုံး မိမိဖုန်းပိုက်ဆံ 105 baht ရှိရပါတယ်။
2. ပြီးရင် *138*0333*626150# ကိုနှိပ်လိုက်ပါ။
3. ပြီးတာနဲ့ Massage ၀င်လိမ့်မယ်။

ဒါဆိုရင် အင်တာနက် နာရီ 20 ကို အသုံးပြု လို့ရပါပြီး။ နာရီလက်ကျန် ကိုတော့ *139# ကို နှိပ်ပြီး ကြည့်လို့ ရပါတယ်။

ကျွန်တော် တိုတိုနဲ့ လိုရင်းကိုပဲ ပြောမယ်။ ဓါတ်ပုံ တစ်ပုံ ရိုက်ဖို့ မခက်ပေမယ့် ဓါတ်ပုံကောင်း တစ်ပုံ ရိုက်ဖို့ကျတော့ ခက်ခဲပါတယ်။ ဓါတ်ပုံ တစ်ပုံမှာ ကိုယ်လိုချင်တဲ့ Lighting ရမှလည်း ကိုယ့်စိတ်ကြိုက် ပုံတစ်ပုံ ဖြစ်လာမှာပါ။ ကျွန်တော် ပြောချင်တာကတော့ အရေးကြီးတာက Lighting ချိန်တတ်ဖို့ပါ။ အိုကေ စရအောင်.. အရင်ဆုံး Digital Camera မှာ M, A, P, Auto, Portrait, Landscape, Night Mode အများကြီးပါတယ်။ အခု ကျွန်တော်ပြောချင်တာက M ဖြစ်တဲ့ Manual နဲ့ ရိုက်ကြမယ်။ Manual ကတော့ Professional ဓါတ်ပုံရိုက်ခြင်းပါ။

Manual မှာ အပိုင်း(4)ပိုင်းပါဝင်ပါတယ်။
1. ISO (အလင်းအနိမ့်အမြင့်)
2. Aperture (အလင်းတံခါး)
3. Shutter Speed
4. Manual Focus တို့ပါဝင်ပါတယ်။

(စာတွေ့ ရှင်းတာ ဖတ်ရှုသူများ နားလည်လား၊ နားမလည်ဘူးလား ဆိုတာ မသိပေမယ့် ဆက်ရှင်းပါမည်။ ဟီးဟီးဟီး)

1. ISO (အလင်းအနိမ့်အမြင့်)
ISO မှာ 100, 200, 400, 800, 1600, 3200, Hi တို့ ပါဝင်ပါတယ်။
ISO တန်ဖိုး နည်းလျှင် အလင်းနည်းပါတယ်။
ISO တန်ဖိုး များလျှင် အလင်းများပါတယ်။
(ဥပမာ - ISO 100 ဆိုလျှင် အလင်းရောင်များတဲ့အချိန်တွေမှာ ထားပြီး ရိုက်ရပါမယ်။ နေ့လည်နေ့ခင်း အချိန်တို့ပေါ့ဗျာ။ မှောင်နေပြီးဆိုရင်တော့ ISO တန်ဖိုးများပေးလိုက်ပါ။)

2. Aperture (အလင်းတံခါး)
Aperture တော့ အလင်းဝင်ရောက်တဲ့ တံခါးပါ။ သူလည်း အလင်းကို ချိန်ညှိပေးတာပါပဲ။ (ဥပမာ - ကင်မရာဟာ နေလုံးနဲ့ မျက်နှာချင်းဆိုင် တည်ရှိမယ်ဆိုရင် Aperture တန်ဖိုးကို များပေးရပါမယ်။ တန်ဖိုးများ လိုက်ချင်းအားဖြင့် အလင်းဝင် ပေါက်ဟာ ကျဉ်းသွား ပါလိမ့်မယ်။ အလင်းဝင်နည်းတဲ့ ညအချိန်လို အခါမှာတော့ Aperture (အလင်းတံခါး) ကို တန်ဖိုး အနည်းဆုံး ထားပါမယ်။ တန်ဖိုးအနည်းဆုံး ထားချင်းဖြင့် အလင်းတံခါး ကျယ်သွားစေမှာပါ။)

3. Shutter Speed
Shutter Speed ကတော့ Shutter အနှေး၊ အမြန် ထိန်းပေးရပါတယ်။ ဓါတ်ပုံကို အနှေး၊ အမြန် ရိုက်ခြင်းလည်း ဖြစ်ပါတယ်။ Shutter Speed မှာ တန်ဖိုး အများကြီး ပါဝင်ပါတယ်။ 2, 1 , 0, 1/1, ½, 1/3, .......... 1/3200 အစရှိသည်ဖြင့် ပါဝင်ပါတယ်။ ငြိမ်သက်နေတဲ့ အရာဝတ္ထုကို Shutter Speed တန်ဖိုးကို လျော့ပြီး ရိုက်ရပါတယ်။ ဒါပေမယ့် လည်ပတ်နေတဲ့ ပန်ကာတို့၊ ဂျင်တို့ကို ရိုက်မယ်ဆိုရင်တော့ တန်ဖိုး များပေး ရပါတယ်။ Shutter Speed ကို ကိန်းဂဏန်းအရ 1 ဆိုရင် Shutter Speed အရမ်းနှေးနေပါပြီး။ 1/32, 1/3200 တို့ရင် Shutter Speed မြန်လာပါတယ်။
(သတိထားရမှာက - Shutter Speed နည်းရင် အလင်းများ၊ Shutter Speed များရင် အလင်းနည်းခြင်းပါ။)

4. Manual Focus
Manual Focus ကတော့ လိုချင်တဲ့ အရာဝတ္တုကို ကြည်လင်စေပြီး မလိုအပ်သော အရာဝတ္ထုများကိုေ၀၀ါသွား စေချင်းပင်။ Manual Focus တော့ Lens အကွာဝေး နည်းရင်တော့ Focus ကစားရတာ မကောင်းပေ့မယ်။ Lens အကွာအဝေး ကောင်းရင်တော့ ကစားရတာ ကောင်းပါတယ်။

ကဲ စပြီး ရိုက်ကြည့်ကြတော့ဗျို့။ တကယ်ရိုက်တတ်သွားရင် ကင်မရာကိုတောင် လက်ကနေ မချ ချင်တော့ဘူးဖြစ်သွားမယ်။

(စာရေးသူအမှာ။ ယခု ကျွန်တော်ရိုက်နေသော အနေအထားကို ရေးထားတာပါ။ တိုတိုပဲ ရေးထားသောကြောင့် လိုအပ်တာများ၊ အမှားအယွင်းများရှိရင် သည်းခံပေးကြပါ။ Digital ဓါတ်ပုံပညာ ကို သင်ကြားပေးခဲ့တဲ့ ဓါတ်ပုံဆရာ ဦးဘိုနီ အား ကျေးဇူးတင်ရှိပါသည်။)

www.tutorial9.net

ရေးသားသူ GOOD NOTES 0 comments

ကျွန်တော့်ဆရာလို့ပြောရင်လည်း မမှားပါဘူး။ Professional Photoshop Tutorial တွေ ပေးထားပါတယ်။ သင်ခန်းစာ ကောင်းကောင်း တွေ အများကြီးပါ။ အရမ်းကောင်းတဲ့ Site လေးပါ။ အရမ်း ကောင်းတဲ့ အတွက် လက် ဆင့်ကမ်း ချင်ပါတယ်။ သူငယ်ချင်း တို့လည်း Photoshop လေ့ကျင့်တွေကို လုပ်ကြည့် ပါလား။ တတ်မြောက် သွားရင် အရမ်း ပျော်ရွှင် သွားပါလိမ့်မယ်။

Canon pixma mp145 driver

ရေးသားသူ GOOD NOTES 0 comments

Go to link below choose operating system and download.
http://software.canon-europe.com/products/0010392.asp

SSC for EPSON Stylus Photo R230x

ရေးသားသူ GOOD NOTES 0 comments

EPSON Stylus Photo R230x အတွက် Counter Reset ပါ။
အလွန်အသုံးဝင်ပါတယ်။ သုံးကြည့်ကြပါဦးဗျို့။
DOWNLOAD HERE

EPSON Stylus Photo R230x

ရေးသားသူ GOOD NOTES 0 comments


ဒီပရင် တာကို အခု ကျွန်တော် အသုံးပြု နေပါတယ်။ R230x ဟာ ဓါတ်ပုံ Quality ထုတ်ပေး နိုင်ပါတယ်။ ဈေးပေါပေါနဲ့ ဓါတ်ပုံအရေ အသွေးပေး နိုင်တဲ့ ပရင်တာပါ။ ကျွန်တော် ၀ယ်သုံးတာ ကျပ် 2 သိန်းတိတိ ပေးရ ပါတယ်။

အခု ကျွန်တော် ပြောချင်တာကတော့ R230x သုံးရင်းနဲ့ ဖြစ်တတ်တဲ့ ပြသနာလေးပါ။

1. Counter ပြည့်ခြင်း။

Printer ထုတ်လို့ မရတော့ဘူး။ ဆေးဗူးကြောင့် ဖြစ်ရင် ပြတဲ့မီးလုံး အနီ ပြပြီးဆိုရင် Counter ပြည့်နေပြီး ထင်တယ်။ ဘယ်လို ဖြေရှင်းမလဲ ဆိုတော့.. Internet ကနေ SSC for Epson R230x ဆိုပြီးရှာပါ။ ကျွန်တော် မရှာပေး တော့ပါဘူး။ ကိုယ့်ဘာသာ ကိုယ်ရှာလိုက်ပါ။ ဒါမှ တန်ဖိုးထားမှာ။

2. Color အရောင်များခြင်း။

Printer ထုတ်ရာမှာ color တစ်ရောင်ရောင် ပိုများပြီး ထွက်နေရင်

(ဥပမာ - အနီရောင်တွေ လွန်ကဲစွာထွက်နေရင်)

အင်း.. ဒါကတော့ Head ဖြုတ်ဆေး ရမှာပါ။ Head တစ်ခုက မြန်မာငွေ 70000 ကျပ်ရှိတယ်နော်။

3. စာရွက်မဆွဲခြင်း။

Printer ထုတ်တာ စာရွက်မဆွဲ ရင်တော့ ဖြုတ်ရတော့မယ်.

ဖြစ်နိုင်ချေက အထဲက စပရင် ဖြုတ်နေတာ ဖြစ်ချင်ဖြစ်မယ်။ စာရွက်ဆွဲတဲ့ ဘီးလုံးတွေ မကြမ်းတော့ဘဲ ချောမွေ့သွားတာ ဖြစ်ချင်ဖြစ်မယ်။ နောက်ပြီး ဂျန့်တစ်ခုခု ဖြစ်နေတာ ဖြစ်မယ်။ အဲ့ဒါကို ဖြုတ်ပြီး ကြည့်လိုက်။ လုပ်မတတ်ရင် ကျွမ်းကျင်သူကိုခေါ်။

ဒါတွေက ကျွန်တော်ဖြစ်ခဲ့တဲ့ ပြဿနာတွေပါ။ နောက်အသစ် ထပ်ဖြစ်ရင်လည်း တင်ပေးပါဦးမယ်။