Welcome to My Website

ဘာရယ် လိုတော့ မဟုတ် ပါဘူး.. စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်လိုက်တာပဲ.. ကိုယ်သိ တာကို စုထားတဲ့ စုဘူးလေးလို့ ပြောရင်လည်း ရပါတယ်.. ကိုယ်ဘယ် လောက်ထိ သိလဲဆိုတာ ကိုယ်စုဘူး လေးကို ပြန်ကြည့်ဖို့ အပျော်ရေး ထားတာပါ..

Labels

Labels

Labels

Send to လုပ်ကြရအောင်...

ရေးသားသူ GOOD NOTES 0 comments

ဥပမာဗျာ..
ကိုယ့်ရဲ့ကိုယ်ရေး Folder တစ်ခု ဖွင့်ထားတယ်ဆိုပါစို့။ ကိုယ့်ကိုယ်ရေး Folder ထဲ ကိုယ်ရဲ့data တွေကို ထည့်တော့မယ်ဆိုရင် my computer>C:\> ဘာညာ ဘာညာ ဖွင့်နေရရင် ကြာပါတယ်ဗျာ.. အမြန်နည်းကို သုံးကြရအောင်..
1. Start>Run တွင် sendto လို့ရိုက်ထည့်ပါ။ Send to Folder တစ်ခု ကျလာပါလိမ့်မယ်။
2. အဲ့ဒီ Folder ထဲမှာ ကိုယ်ရဲ့ ကိုယ်ရေး Folder ကို ထည့်လိုက်ပါ။ ကဲဒါဆိုရင် ကျွန်တော်တို့ရဲ့ Folder ဟာ Send to ဆီရောက်သွားပါပြီး..
ဘယ်လိုသုံးမလဲ...
1. ကိုယ်ရဲ့ files တွေကို select ပေးပါ။ ပြီးရင် right click>send to> ကနေ ကိုယ့်ရဲ့ Folder ကို ညွှန်းပေး လိုက်ချင်းဖြင့် အချိန်ကုန်သက်သာပါတယ်ဗျာ။

ပညာသားမပါပေမယ့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်

Ubifind English - Myanmar Dictonary

ရေးသားသူ GOOD NOTES 0 comments

Mobile ဖုန်းများအတွက် Ubifind English - Myanmar Dictonary ဟုခေါ်သည့် Software ကို ဈေးကွက် မိတ်ဆက်သည့် အခမ်းအနား တစ်ရပ်ကို (26.7.2008)ရက်၊ နေ့လယ် (၃)နာရီက ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ဝင်း အတွင်းရှိ Myanmar Info-Tech မှာ SIDA Technology ကုမ္ပဏီလီမိတက်မှ ဦးစီးကျင်းပ ခဲ့ပါသည်။ Software အသစ်ကို Sida က ကိုယ်ပိုင်တီထွင် ထုတ်လုပ်ထား ခြင်းလည်း ဖြစ်ပါသည်။
Mobile ဖုန်းဆောင်ထား သူတိုင်းဟာ အဘိဓါန်တစ်အုပ်ကို အလေးခံ၊ နေရာ အပုတ်ခံပြီး ယူဆောင်သွား ရန်မလိုဘဲ မိမိသိလိုတဲ့ အင်္ဂလိပ် စာလုံးကို Mobile ဖုန်းအသုံးပြုပြီး အဓိပ္ပာယ်ကို အမြန်ဆုံး သိရှိနိုင်တဲ့ အတွက် လွယ်ကူ သက်သာပြီး များစွာ အထောက်အကူ ပြုတဲ့အဘိဓာန် ဖြစ်ပါတယ်။ Ubifind မှာ မြန်မာနိုင်ငံမှာ လူသုံးများနေသော Modern English-Myanmar အဘိဓာန်များကို အခြေခံပြီး စာလုံးရေ (၅)သောင်းကျော် ပါဝင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် Mobile ဖုန်းသုံးစွဲနေတဲ့ ပြည်တွင်းပြည်ပရှိ မြန်မာများ လုပ်ငန်းခွင် များမှာ အလုပ်လုပ် ကိုင်နေသူများ၊ ကျောင်းသားကျောင်းသူများအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ထု လုပ်ခြင်းဖြစ် တယ်လို့ သိရပါသည်။ Ubifind Dictionary ကို ၀ယ်ယူလိုပါက အဆင်ပြေစေရန်အတွက် နည်းလမ်းနှစ်မျိုးနဲ့ ရောင်းချပေးမှာဖြစ်ပြီး ကျွန်ပျူတာ ကျွမ်းကျင်ပြီး မိမိကိုယ်တိုင် Install ပြုလုပ်လိုပါက အင်တာနက်ရှိ http://www.sitatechasia/ မှ demovision ကို Download ပြုလုပ်ကာ မိမိ Phone ပေါ်သို့ ထည့်သွင်းကာ စမ်းသပ်အသုံး ပြုနိုင်ပါသည်။ စမ်းသပ်ရာမှာ ကြိုက်နှစ်သက်ပြီး ၀ယ်ယူလိုပါက ရန်ကုန်မြို့ရှိ စိန်ဂေဟာ စူပါမားကတ်များ အားလုံး အပါအ၀င် အခြား Cash Drop Off Center များမှာ ငွေသွင်းကာ Activation Code ကိုရယူနိုင်ပါတယ်။ ဆိုင်မှာ ထည့်သွင်း လိုသူများ အတွက် ရန်ကုန်ရှိ ဖုန်းအရောင်း ဆိုင်ကြီးများနဲ့ မန္တလေးရှိ ဖုန်းအရောင်း ဆိုင်များမှာ လွယ်လွယ်ကူကူဝယ်ယူထည့် သွင်းနိုင်ပြီး အဲ့ဒီဆိုင်များမှာ ရောင်းချပေးကာ လိုအပ်တာ များကို ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါသည်။
Cash Drop Off Center နဲ့ရောင်းချပေးမယ့် Mobile ဖုန်းအရောင်း ဆိုင်များ စာရင်းကို http://www.sitateach.asia/ မှာ ကြည့်ရှုနိုင်ပြီး စာရေးလုံး(၅၀၀၀၀) ကျော်ပါရှိတဲ့ Ubifind (Proversion) ကို မြန်မာငွေ(19000)ကျပ်နဲ့ ၀ယ်ယူနိုင်ပြီး စာလုံးရေ (25000)ကျော် ပါဝင်တဲ့ (Live Version)ကို မြန်မာငွေ (9500)ကျပ်နဲ့ ၀ယ်ယူအသုံး ပြုနိုင်ပြီး ဖြစ်ကြောင်း သိရှိရ ပါသည်။

PHONE APPLICATION

ရေးသားသူ GOOD NOTES 0 comments

အလွန်အသုံးဝင်တဲ့ Mobile Phone Java Application အကြောင်း နည်းနည်း ပြောချင်လို့ပါ။ အခု ကျွန်တော် Sony Ericcson W810i ကို အသုံးပြုပါတယ်။ Sony Ericcson ဆိုတာ ကျွန်တော်အရမ်းကြိုက်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် Sony Ericcson W810i က Model နည်းနည်းနိမ့်လို့ Nokia N70 တို့လိုတော့ ဘယ်သုံးလို့ရမလဲ။ Mobile Java software မှာ အရမ်းကြိုက်တာကတော့ Google map ပေါ့ဗျာ။ Java Application ပါတဲ့ ဖုန်းတိုင်း အသုံးပြုလို့ ရပါတယ်။ Google map ကိုတော့ Mobile phone internet ကနေ http://www.mobilelife.com/ မှာ Free Download လုပ်နိုင်ပါတယ်။ အရင်တုန်းကတော့ Mobile Phone တွေကို ဖုန်းပြောဖို့လောက်ပဲ တွက်ထားခဲ့တာပါ။ အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ အခုဆိုရင် Multimedia တော်တော် များများကို Mobile Phone တစ်လုံးတည်းနဲ့ အရမ်းအဆင်ပြေနေပြီးပေါ့ဗျာ။ ဥပမာပြောရရင်- Gmail ဖတ်တာတို့၊ Gtalk ပြောတာတို့ မြန်မာအဘိဓာန် ကြည့်တာတို့ကို ကိုယ်ပိုင် Mobile ဖုန်းတွေနဲ့ ကြည့်လို့ရတာတွေ ဟာ အရမ်းကို အသုံးဝင်ပါတယ်။ အခုဆို မြန်မာနိုင်ငံက ပညာရှင်များကလည်း MYSM တို့ UBifind တို့လို java software တွေကို ရေးနေကြတာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေပါပြီး။ ကျွန်တော်ကတော့ java game တို့ software တို့ကို Internet ပေါ်ကယူပြီး တင်လိုက်၊ ဖြတ်လိုက် လုပ်တာ တော်တော် အချိန်ကုန်သွားပြီး။ အသုံးဝင်တဲ့ ကြိုက်တဲ့ software တွေ တော်တော်များများ ရှိတယ်။ အခုဆိုရင် Nokia ဖုန်းတော်တော်များများမှာလည်း sis တွေလည်း အသုံးပြုနေပါပြီး။ နောက်ပိုင်း Mobile Phone တွေဟာ ကွန်ပျူတာ တစ်လုံးကဲ့သို့ အလုပ်လုပ်နိုင်ခြင်းကို တွေ့ရတာ တကယ်ပီတိ ဖြစ်မိတယ်ဗျာ။

MOBILE GTALK

ရေးသားသူ GOOD NOTES 0 comments


ဒီ jar software ဟာ mobile phone တွေမှာ အလွယ်တကူ gmail ဖတ်နိုင်အောင် ပြုလုပ်ထား ပေးတာ ဖြစ်ပါတယ်။ phone တစ်လုံးမှာ တစ်ခါပဲ Sign In ပြုလုပ်၍ ရခြင်းကြောင့် မိမိကိုယ်ပိုင် phone မှာသာ မိမိ ID name နဲ့ password ထားပါ။ တစ်ခါလုပ်ပြီး နောင်တစ်ကြိမ် ပြန်ဖွင့်လျှင် အရင်က မိမိလုပ်ခဲ့သော username ပင် သုံးနိုင်သည်။ Sign out လုပ်၍မရပါ။ သို့အတွက်ကြောင့် မိမိ mail အတွက် လုံခြုံမှုတော့မရသေးပါ။ အခြားသူတစ်ဦး မိမိဖုန်းမှ GMAIL ကို ဖွင့်ကြည့်လျှင်လည်း မိမိ၏ ကိုယ်ပိုင် gmail account သာပွင့်သည့် အတွက်ကြောင့် အခြားသူများကို ပေးကိုင်ခြင်း မပြုနိုင်ပါ။
Download: http://www.lasyk.net/download/76026/14/-196836160/Gmail76026.jar