1. Contacts - မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message - မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer - မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number - မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar - မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website - ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name - ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
Download Link: http://www.mediafire.com/?ywngmwmtb1j
1. ESPON PRINTER စာရွက်ထုတ်နေစဉ် Print Document ကို Cancel မလုပ်ပါနဲ့။ Cancel လုပ်မိခဲ့ရင်တော့ ဆေးမညီတော့ဘူး။ ဆေးမညီရင် Nozzle Check ပြန်လုပ်နေရတာ အချိန်ကုန်လို့ပါ။
2. cartridge ဆေးကုန်တဲ့ Alarm ပြရင်တော့ ဆေးမညီတော့ပါဘူး။ Nozzle Check လုပ်လည်း မရပါဘူး။ Ink Tank နဲ့ တွဲသုံးတဲ့သူဆိုရင်တော့ SSC Software ကို အသုံးပြုပြီး Cartridge Reset လုပ်ရပါမယ်။ Reset ချပြီးရင် Nozzle Check လုပ်ပြီး အသုံးပြုလို့ပါပြီး။
2. cartridge ဆေးကုန်တဲ့ Alarm ပြရင်တော့ ဆေးမညီတော့ပါဘူး။ Nozzle Check လုပ်လည်း မရပါဘူး။ Ink Tank နဲ့ တွဲသုံးတဲ့သူဆိုရင်တော့ SSC Software ကို အသုံးပြုပြီး Cartridge Reset လုပ်ရပါမယ်။ Reset ချပြီးရင် Nozzle Check လုပ်ပြီး အသုံးပြုလို့ပါပြီး။
လမ်းညွှန်....
1. အရင်ဆုံး မိမိဖုန်းပိုက်ဆံ 105 baht ရှိရပါတယ်။
2. ပြီးရင် *138*0333*626150# ကိုနှိပ်လိုက်ပါ။
3. ပြီးတာနဲ့ Massage ၀င်လိမ့်မယ်။
ဒါဆိုရင် အင်တာနက် နာရီ 20 ကို အသုံးပြု လို့ရပါပြီး။ နာရီလက်ကျန် ကိုတော့ *139# ကို နှိပ်ပြီး ကြည့်လို့ ရပါတယ်။
Manual မှာ အပိုင်း(4)ပိုင်းပါဝင်ပါတယ်။
1. ISO (အလင်းအနိမ့်အမြင့်)
2. Aperture (အလင်းတံခါး)
3. Shutter Speed
4. Manual Focus တို့ပါဝင်ပါတယ်။
(စာတွေ့ ရှင်းတာ ဖတ်ရှုသူများ နားလည်လား၊ နားမလည်ဘူးလား ဆိုတာ မသိပေမယ့် ဆက်ရှင်းပါမည်။ ဟီးဟီးဟီး)
1. ISO (အလင်းအနိမ့်အမြင့်)
ISO မှာ 100, 200, 400, 800, 1600, 3200, Hi တို့ ပါဝင်ပါတယ်။
ISO တန်ဖိုး နည်းလျှင် အလင်းနည်းပါတယ်။
ISO တန်ဖိုး များလျှင် အလင်းများပါတယ်။
(ဥပမာ - ISO 100 ဆိုလျှင် အလင်းရောင်များတဲ့အချိန်တွေမှာ ထားပြီး ရိုက်ရပါမယ်။ နေ့လည်နေ့ခင်း အချိန်တို့ပေါ့ဗျာ။ မှောင်နေပြီးဆိုရင်တော့ ISO တန်ဖိုးများပေးလိုက်ပါ။)
2. Aperture (အလင်းတံခါး)
Aperture တော့ အလင်းဝင်ရောက်တဲ့ တံခါးပါ။ သူလည်း အလင်းကို ချိန်ညှိပေးတာပါပဲ။ (ဥပမာ - ကင်မရာဟာ နေလုံးနဲ့ မျက်နှာချင်းဆိုင် တည်ရှိမယ်ဆိုရင် Aperture တန်ဖိုးကို များပေးရပါမယ်။ တန်ဖိုးများ လိုက်ချင်းအားဖြင့် အလင်းဝင် ပေါက်ဟာ ကျဉ်းသွား ပါလိမ့်မယ်။ အလင်းဝင်နည်းတဲ့ ညအချိန်လို အခါမှာတော့ Aperture (အလင်းတံခါး) ကို တန်ဖိုး အနည်းဆုံး ထားပါမယ်။ တန်ဖိုးအနည်းဆုံး ထားချင်းဖြင့် အလင်းတံခါး ကျယ်သွားစေမှာပါ။)
3. Shutter Speed
Shutter Speed ကတော့ Shutter အနှေး၊ အမြန် ထိန်းပေးရပါတယ်။ ဓါတ်ပုံကို အနှေး၊ အမြန် ရိုက်ခြင်းလည်း ဖြစ်ပါတယ်။ Shutter Speed မှာ တန်ဖိုး အများကြီး ပါဝင်ပါတယ်။ 2, 1 , 0, 1/1, ½, 1/3, .......... 1/3200 အစရှိသည်ဖြင့် ပါဝင်ပါတယ်။ ငြိမ်သက်နေတဲ့ အရာဝတ္ထုကို Shutter Speed တန်ဖိုးကို လျော့ပြီး ရိုက်ရပါတယ်။ ဒါပေမယ့် လည်ပတ်နေတဲ့ ပန်ကာတို့၊ ဂျင်တို့ကို ရိုက်မယ်ဆိုရင်တော့ တန်ဖိုး များပေး ရပါတယ်။ Shutter Speed ကို ကိန်းဂဏန်းအရ 1 ဆိုရင် Shutter Speed အရမ်းနှေးနေပါပြီး။ 1/32, 1/3200 တို့ရင် Shutter Speed မြန်လာပါတယ်။
(သတိထားရမှာက - Shutter Speed နည်းရင် အလင်းများ၊ Shutter Speed များရင် အလင်းနည်းခြင်းပါ။)
4. Manual Focus
Manual Focus ကတော့ လိုချင်တဲ့ အရာဝတ္တုကို ကြည်လင်စေပြီး မလိုအပ်သော အရာဝတ္ထုများကိုေ၀၀ါသွား စေချင်းပင်။ Manual Focus တော့ Lens အကွာဝေး နည်းရင်တော့ Focus ကစားရတာ မကောင်းပေ့မယ်။ Lens အကွာအဝေး ကောင်းရင်တော့ ကစားရတာ ကောင်းပါတယ်။
ကဲ စပြီး ရိုက်ကြည့်ကြတော့ဗျို့။ တကယ်ရိုက်တတ်သွားရင် ကင်မရာကိုတောင် လက်ကနေ မချ ချင်တော့ဘူးဖြစ်သွားမယ်။
(စာရေးသူအမှာ။ ယခု ကျွန်တော်ရိုက်နေသော အနေအထားကို ရေးထားတာပါ။ တိုတိုပဲ ရေးထားသောကြောင့် လိုအပ်တာများ၊ အမှားအယွင်းများရှိရင် သည်းခံပေးကြပါ။ Digital ဓါတ်ပုံပညာ ကို သင်ကြားပေးခဲ့တဲ့ ဓါတ်ပုံဆရာ ဦးဘိုနီ အား ကျေးဇူးတင်ရှိပါသည်။)

