Welcome to My Website

ဘာရယ် လိုတော့ မဟုတ် ပါဘူး.. စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်လိုက်တာပဲ.. ကိုယ်သိ တာကို စုထားတဲ့ စုဘူးလေးလို့ ပြောရင်လည်း ရပါတယ်.. ကိုယ်ဘယ် လောက်ထိ သိလဲဆိုတာ ကိုယ်စုဘူး လေးကို ပြန်ကြည့်ဖို့ အပျော်ရေး ထားတာပါ..

Labels

Labels

Labels

SSC for EPSON Stylus Photo R230x

ရေးသားသူ GOOD NOTES 0 comments

EPSON Stylus Photo R230x အတွက် Counter Reset ပါ။
အလွန်အသုံးဝင်ပါတယ်။ သုံးကြည့်ကြပါဦးဗျို့။
DOWNLOAD HERE

EPSON Stylus Photo R230x

ရေးသားသူ GOOD NOTES 0 comments


ဒီပရင် တာကို အခု ကျွန်တော် အသုံးပြု နေပါတယ်။ R230x ဟာ ဓါတ်ပုံ Quality ထုတ်ပေး နိုင်ပါတယ်။ ဈေးပေါပေါနဲ့ ဓါတ်ပုံအရေ အသွေးပေး နိုင်တဲ့ ပရင်တာပါ။ ကျွန်တော် ၀ယ်သုံးတာ ကျပ် 2 သိန်းတိတိ ပေးရ ပါတယ်။

အခု ကျွန်တော် ပြောချင်တာကတော့ R230x သုံးရင်းနဲ့ ဖြစ်တတ်တဲ့ ပြသနာလေးပါ။

1. Counter ပြည့်ခြင်း။

Printer ထုတ်လို့ မရတော့ဘူး။ ဆေးဗူးကြောင့် ဖြစ်ရင် ပြတဲ့မီးလုံး အနီ ပြပြီးဆိုရင် Counter ပြည့်နေပြီး ထင်တယ်။ ဘယ်လို ဖြေရှင်းမလဲ ဆိုတော့.. Internet ကနေ SSC for Epson R230x ဆိုပြီးရှာပါ။ ကျွန်တော် မရှာပေး တော့ပါဘူး။ ကိုယ့်ဘာသာ ကိုယ်ရှာလိုက်ပါ။ ဒါမှ တန်ဖိုးထားမှာ။

2. Color အရောင်များခြင်း။

Printer ထုတ်ရာမှာ color တစ်ရောင်ရောင် ပိုများပြီး ထွက်နေရင်

(ဥပမာ - အနီရောင်တွေ လွန်ကဲစွာထွက်နေရင်)

အင်း.. ဒါကတော့ Head ဖြုတ်ဆေး ရမှာပါ။ Head တစ်ခုက မြန်မာငွေ 70000 ကျပ်ရှိတယ်နော်။

3. စာရွက်မဆွဲခြင်း။

Printer ထုတ်တာ စာရွက်မဆွဲ ရင်တော့ ဖြုတ်ရတော့မယ်.

ဖြစ်နိုင်ချေက အထဲက စပရင် ဖြုတ်နေတာ ဖြစ်ချင်ဖြစ်မယ်။ စာရွက်ဆွဲတဲ့ ဘီးလုံးတွေ မကြမ်းတော့ဘဲ ချောမွေ့သွားတာ ဖြစ်ချင်ဖြစ်မယ်။ နောက်ပြီး ဂျန့်တစ်ခုခု ဖြစ်နေတာ ဖြစ်မယ်။ အဲ့ဒါကို ဖြုတ်ပြီး ကြည့်လိုက်။ လုပ်မတတ်ရင် ကျွမ်းကျင်သူကိုခေါ်။

ဒါတွေက ကျွန်တော်ဖြစ်ခဲ့တဲ့ ပြဿနာတွေပါ။ နောက်အသစ် ထပ်ဖြစ်ရင်လည်း တင်ပေးပါဦးမယ်။

www.myphotoshopbrushes.com

ရေးသားသူ GOOD NOTES 0 comments

ကျွန်တော့်ရဲ့ လက်စွဲတော် www.myphotoshopbrushes.com ပါ။ Photoshop ရဲ့ Brush Design တွေ Patterm တွေ Gradient တွေဗျာ.. တော်တော် မိုက်တယ်။ ဒီဇိုင်း သမားတွေ စိတ်ဝင် စားကြမယ် ထင်ပါတယ်။ ကျွန်တော့် အတွက်တော့ မရှိမဖြစ် ဆိုက်လေးပါ။

You tube Video Download

ရေးသားသူ GOOD NOTES 0 comments

ခေါင်းစဉ်ကတော့ youtube video download လို့ပေးလိုက်တာ။ ပြောချင်တာကတော့ ခက်များများပဲ။ ကျွန်တော်အသိတွေ၊ သူငယ်ချင်းတွေ တော်တော်များများမေးတယ်။ Base Lesson တွေ Drum Lesson တွေ youtube ကနေ ဘယ်လို ဗီဒီယို ဒေါင်းလော့ ချမတုန်းတဲ့.. Youtube ကနေ Video ဒေါင်းလုဒ်ချတာ လွယ်လွယ်လေးရယ်နော်.. ဟဲဟဲ.. အဲ့ဒါကို မသိတဲ့သူက မသိကြဘူးတဲ့ အံ့ရော အံ့ရော..

1. ကိုယ်ဒေါင်းလုဒ်ချချင်တဲ့ ဗီဒီယိုရဲ့ URL လိပ်စာကို ယူပါ။

2. www.youtubecatcher.com ကိုသွားပါ။ Enter the URL of the page that contains the video to download: ဆိုတဲ့စာရဲ့အောက်မှာ ခုနက ယူထားတဲ့ URL ကုဒ်ကို ထည့်ပါ။

3. ပြီးရင် Download Video ကို နှိပ်ပါ။

4. ပြီးရင် Right-Click Here to Download Your Video (FLV format) ကိုနှိပ်ပြီး Download လုပ်နိုင်ပါပြီး။


Video FLV format ဖြစ်တဲ့အတွက်ကြောင့် FLV Player နဲ့ကြည့်မှ အဆင်ပြေနိုင်မည်။ FLV player နဲ့ FLV to VCD တို့ကို လက်ဆက်ဖော်ပြပါမည်။